ဘုတလင်မြို့၌ PDF အမည်ခံ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့၏ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ ပြည်သူအချို့ သေဆုံး/ဒဏ်ရာရရှိ
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁
ဘုတလင်မြို့၊ မြဝတီရပ်ကွက်အတွင်းသို့ ယနေ့နံနက်ပိုင်းတွင် PDF အမည်ခံ အကြမ်းဖက် လက်နက်ကိုင်အဖွဲ့က လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံး/ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့၊ မြဝတီရပ်ကွက်အတွင်းသို့ ယနေ့နံနက် ၂ နာရီ ၁၅ မိနစ်ခန့်တွင် PDF အမည်ခံ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့က လက်လုပ် စိန်ပြောင်းဖြင့် ပစ်ခတ်ခဲ့ရာ နေအိမ် ၁ လုံးပေါ်သို့ ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ အဆိုပါပေါက်ကွဲမှုကြောင့် အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး၊ တို့တွင် ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်းနှင့် အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဘုတလင်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသ မှုခံယူစေလျက်ရှိကြောင်းနှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့အား နယ်မြေခံတပ်မတော်နှင့် ပူးပေါင်းကာ ပိတ်ဆို့စစ်ဆေး ရှာဖွေဖော်ထုတ် လျက်ရှိကြောင်း သတင်းရရှိသည်။