ကော့သောင်းမြို့နယ်ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး၊ ‌ ကျိုင်းတုံတပ်နယ်နှင့် မိုင်းဆတ်တပ်နယ်တို့၌ အောက်ဆီဂျင်စက်ရုံ များနှင့် ကိုဗစ်-၁၉ ရောဂါကုသရေးစင်တာများ ပြင်ဆင်ထားရှိမှု ကြည့်ရှုစစ်ဆေး

 ကော့သောင်းမြို့နယ်ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး၊ ‌ ကျိုင်းတုံတပ်နယ်နှင့် မိုင်းဆတ်တပ်နယ်တို့၌ အောက်ဆီဂျင်စက်ရုံ များနှင့် ကိုဗစ်-၁၉ ရောဂါကုသရေးစင်တာများ ပြင်ဆင်ထားရှိမှု ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက် ကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများအား ယနေ့တွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူးနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏‌ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှု အခြေအနေ များကို မေးမြန်းအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများပေးအပ်ကြ သည်။ ထို့နောက် ဒုတိယတိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ဆေးရုံအတွင်းလှည့်လည် ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့ပြင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ကျိုင်းတုံ တပ်နယ်နှင့် မိုင်းဆတ်တပ်နယ်တို့၌ အောက်ဆီဂျင်စက်ရုံများပြင်ဆင်ထားရှိမှုနှင့် တပ်မတော်ဆေးရုံများနှင့် နယ်မြေခံတပ်ရင်းများ၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာများထားရှိရန် ကုသဆောင်များ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေ အနေများကို သက်ဆိုင်ရာတပ်နယ်များမှ တာဝန်ရှိသူများက အသီးသီး သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။