ဝက်လက်မြို့နယ်၌ အကြမ်းဖက်သမားများ၏ အကြောင်းမဲ့ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ကျောင်းသူတစ်ဦးသေဆုံး

ဝက်လက်မြို့နယ်၌ အကြမ်းဖက်သမားများ၏ အကြောင်းမဲ့ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ကျောင်းသူတစ်ဦးသေဆုံး

နေပြည်တော်၊ ဖေ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ သခွတ္တော(မ)ကျေးရွာ၌ ကျောင်းသူ မအိမ့်ကြည်ဖြူခိုင် အား PDF အမည်ခံ အကြမ်းဖက်အဖွဲ့မှ ဓားဖြင့် အကြောင်းမဲ့ သတ်ဖြတ်သွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၉ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ သခွတ္တော(မ)ကျေးရွာနေ သားဖွားဆရာမ (ကျေးလက်ကျန်းမာရေး ဆေးခန်း) ဖြစ်သူ ဒေါ်ခိုင်စိုးဦး (၄၂)နှစ် သည် မန္တလေးမြို့သို့ ဆေးခန်းပြရန် သွားရောက်နေစဉ် ခင်ပွန်းဖြစ်သူ ဦးနေလင်း(၄၁)နှစ် နှင့် သမီးဖြစ်သူ မအိမ့်ကြည်ဖြူခိုင် (၁၃)နှစ် တို့ နေအိမ်၌ ကျန်ခဲကြောင်း သိရသည်။ ဦးနေလင်းမှ ညနေ ၃ နာရီခန့်တွင် ကျေးရွာအတွင်းရှိ ဈေးဆိုင်သို့ ဈေးဝယ်သွားစဉ် အကြမ်းဖက်သမားများ ရောက်ရှိလာပြီး နေအိမ်ရှိ မအိမ့်ကြည်ဖြူခိုင်အား ဓားဖြင့်သတ်ဖြတ်ခဲ့ရာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ ကြောင်း သိရသည်။

အဆိုပါ သေဆုံးသွားသူ မအိမ့်ကြည်ဖြူခိုင်၏ မိခင် သားဖွားဆရာမ ဒေါ်ခိုင်စိုးဦး သည် CDM တွင် ပါဝင်ခြင်း မရှိသည့်အတွက် အကြမ်းဖက်သူများမှ ဒလန်ဟုစွပ်စွဲကာ လာရောက်သတ်ဖြတ်စဉ် ၎င်းအား တွေ့ရှိခြင်း မရှိသောကြောင့် နေအိမ်ရှိ သမီးဖြစ်သူအား သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်တွင် သတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး ရမိနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေခံတပ်မတော် စစ်ကြောင်း များနှင့် ပူးပေါင်း၍ လုံခြုံရေး လုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။