တပ်မတော်(ရေ)မှစစ်ရေယာဉ်(ဆင်ဖြူရှင်) အိန္ဒိယနိုင်ငံ Visakhapatnam မြို့တွင် ကျင်းပပြုလုပ်မည့် ဒေသတွင်းရေတပ်များတွေ့ဆုံပွဲ(MILAN-2022)သို့ တက်ရောက်ရန်ထွက်ခွာ

တပ်မတော်(ရေ)မှစစ်ရေယာဉ်(ဆင်ဖြူရှင်) အိန္ဒိယနိုင်ငံ Visakhapatnam မြို့တွင် ကျင်းပပြုလုပ်မည့် ဒေသတွင်းရေတပ်များတွေ့ဆုံပွဲ(MILAN-2022)သို့ တက်ရောက်ရန်ထွက်ခွာ

နေပြည်တော်၊ ဖေ ၂၁

တပ်မတော်(ရေ)မှ ဓညဝတီရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ကျော်ကျော်ထူး ဦးဆောင်သော စစ်ရေယာဉ်(ဆင်ဖြူရှင်)သည် အိန္ဒိယနိုင်ငံ Visakhapatnam မြို့၌ကျင်းပပြုလုပ်မည့် ဒေသတွင်းရေတပ်များတွေ့ဆုံပွဲ (MILAN-2022)သို့တက်ရောက်ရန် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၊ အမှတ်(၃)ရေတပ်ဆိပ်ခံ တံတား(သီလဝါ)မှထွက်ခွာရာ အလယ်ပိုင်း​ရေတပ်ကွပ်ကဲမှုဌာနချုပ်၊ ​ဌာနချုပ်မှူး ဗိုလ်ချုပ် ထိန်ဝင်း နှင့် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည် မိသားစုများက ပို့ဆောင် နှုတ်ဆက်ကြသည်။

ဒေသတွင်းရေတပ်များတွေ့ဆုံပွဲ (MILAN-2022)ကို အိန္ဒိယနိုင်ငံ Visakha-patnam မြို့တွင် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက်မှ မတ် ၄ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး အိန္ဒိယ၊ မြန်မာ၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ ဩစတြေးလျ၊ အမေရိကန်၊ ဗြိတိန်၊ တောင်ကိုရီးယား၊ ဂျပန်၊ ပြင်သစ်နှင့် ဆေးရှဲလ် စုစုပေါင်း (၁၆) နိုင်ငံမှ စစ်ရေယာဉ် ၂၄ စီး တက်ရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။