ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၂၆)အဖြစ် ကစားသည့် မန်ယူအသင်းနှင့် လိဒ်အသင်းတို့ပွဲစဉ်တွင် မန်ယူအသင်းက ၄ ဂိုး-၂ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် အသင်းသမိုင်းတစ်လျှောက် နိုင်ပွဲ ၇၀၀ ပြည့်မြောက်ခဲ့ပြီး အင်္ဂလန်ဘောလုံးသမိုင်း တစ်လျှောက်တွင်လည်း နိုင်ပွဲ ၇၀၀ ပြည့်မြောက်သည့် ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
အင်္ဂလန်ဘောလုံးသမိုင်းတစ်လျှောက်တွင် နိုင်ပွဲ အများဆုံးအသင်းများ စာရင်းတွင် မန်ယူအသင်းက နိုင်ပွဲ ၇၀၀ ပြည့်မြောက်ပြီး ပြိုင်ဘက်အသင်းများထက် အသာစီးရရှိထားကာ ဒုတိယနေရာမှ ချယ်လ်ဆီးအသင်းထက်ပင် ၈၉ ပွဲအသာဖြင့် ရပ်တည်နေခြင်း ဖြစ်သည်။
အင်္ဂလန်ဘောလုံးသမိုင်းတစ်လျှောက် နိုင်ပွဲအများ ဆုံးအသင်းများစာရင်းတွင် မန်ယူအသင်း၏နောက် တွင် ချယ်လ်ဆီးအသင်းက ၆၁၁ ပွဲဖြင့် ဒုတိယနေရာတွင် ရပ်တည်နေပြီး အာဆင်နယ်အသင်းက ပွဲ ၆၁၀ ဖြင့် တတိယနေရာတွင်လည်းကောင်း၊ လီဗာပူးအသင်း က ၅၉၈ ပွဲဖြင့် စတုတ္ထနေရာတွင်လည်းကောင်း၊ စပါး အသင်းက ၄၉၂ ပွဲဖြင့် ပဉ္စမနေရာတွင်လည်းကောင်း၊ မန်စီးတီးအသင်းက ၄၆၄ ပွဲဖြင့် ဆဋ္ဌမနေရာတွင်လည်း ကောင်း ရပ်တည်နေသည်။
မန်ယူအသင်းသည် လိဒ်အသင်းကိုအနိုင်ရရှိပြီး နောက် ရမှတ် ၄၆ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် (၄)နေရာ၌ ရပ်တည်နေကြောင်း သိရသည်။
Ref;Sky Sports