ဥရောပစူပါဖလား အစီအစဉ်မှ နုတ်ထွက်ခြင်း မရှိသေးသည့် ဘာစီလိုနာ ဂျူဗင်တပ်စ်နှင့် ရီးယဲလ်မက်ဒရစ် အသင်းတို့က သုံးသင်းပတ်လည် ဖိတ်ခေါ်ဖလားပြိုင်ပွဲ ကျင်းပရန်ပြင်ဆင်နေ

ဥရောပစူပါဖလား အစီအစဉ်မှ နုတ်ထွက်ခြင်း မရှိသေးသည့် ဘာစီလိုနာ ဂျူဗင်တပ်စ်နှင့် ရီးယဲလ်မက်ဒရစ် အသင်းတို့က သုံးသင်းပတ်လည် ဖိတ်ခေါ်ဖလားပြိုင်ပွဲ ကျင်းပရန်ပြင်ဆင်နေ

ဥရောပစူပါဖလားပြိုင်ပွဲ အစီအစဉ်မှ နုတ်ထွက်ခြင်း မရှိသေးသည့် ဘာစီလိုနာ၊ ဂျူဗင်တပ်စ်နှင့် ရီးယဲလ် မက်ဒရစ်အသင်းတို့က ရာသီကြိုခြေစမ်းပွဲ ကာလတွင် သုံးသင်းပတ်လည်  ဖိတ်ခေါ်ဖလားပြိုင်ပွဲ ကျင်းပရန် ပြင်ဆင်နေကြောင်း သိရသည်။

၂ဝ၂၁ ခုနှစ် ဧပြီလအတွင်း ဘာစီလိုနာ၊ ဂျူဗင်တပ်စ်နှင့်  ရီးယဲလ်မက်ဒရစ်အသင်းတို့ အပါအဝင် ဥရောပ ထိပ်တန်းအသင်းကြီးများ ဖြစ်သည့် မန်စီးတီး၊ လီဗာပူး၊ စပါး၊ အာဆင်နယ်၊ မန်ယူ၊ ချယ်လ်ဆီး၊ အင်တာမီလန်၊ အေစီမီလန်နှင့်    အက်သလက်တီကို အသင်းတို့က  ဥရောပစူပါဖလားပြိုင်ပွဲ ကျင်းပရန် ပြင်ဆင်ခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါဥရောပထိပ်တန်း အသင်း ၁၂ သင်းသည် ဥရောပဘောလုံး အဖွဲ့ချုပ်မှ ခွဲထွက်ပြီး   ဥရောပစူပါ ဖလားပြိုင်ပွဲအမည်ဖြင့် ကျင်းပရန် ပြင်ဆင်ခဲ့ကြသော်လည်း  ဝေဖန်မှုများ မြင့်တက်ခဲ့ပြီးနောက်   အသင်းကိုးသင်းက   ပြန်လည် နုတ်ထွက်ခဲ့ကြသော်လည်း ဘာစီလိုနာ၊ ဂျူဗင်တပ်စ်နှင့် ရီးယဲလ်မက်ဒရစ်အသင်း တို့က နုတ်ထွက်ခြင်း မရှိသေးဘဲ ဆက်လက်ကြိုးပမ်းနေခြင်း ဖြစ်သည်။

ယခုအခါ  အဆိုပါ အသင်းသုံးသင်းက  လာမည့် ရာသီကြိုခြေစမ်းပွဲ ကာလတွင် အစီအစဉ်ကို အကောင် အထည်ဖော်ရန် အတွက်    ခြေလှမ်းသစ် အနေဖြင့်   သုံးသင်းပတ်လည် ဖိတ်ခေါ်ပြိုင်ပွဲ ကျင်းပရန် ပြင်ဆင် နေခြင်း ဖြစ်ကြောင်း သိရသည်။