တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၃

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ အောင်စင်္ကြာဆုတောင်းပြည့်ဘုန်းကြီးကျောင်း၊ မိုင်းဆတ်မြို့ရှိ အောင်မင်္ဂလာတပ်ဦး ဘုန်းတော်ကြီးကျောင်းနှင့် ဇေယျသုခဘုန်းတော်ကြီးကျောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ အမှတ်(၇)ရပ်ကွက်၊ စမ်းချောင်းကျောင်းတိုက်၊ ရွှေပြည်သာမြို့ နယ်၊ အမှတ်(၁၅)ရပ်ကွက်ရှိ ဓမ္မစာပန်းချီရွှေဖီဦးကျောင်းတိုက်၊ မှော်ဘီမြို့နယ်၊ စိန်ရွှေကုန်းကျေးရွာရှိ ဓမ္မရံသီမဟာစည်ရိပ်သာကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ သဲအင်းဂူတရားပြကျောင်းတိုက်နှင့် လေဆိပ်တပ်ဦးစာသင်တိုက်၊ ဓနုဖြူမြို့ ရှိ သုခဝတီသီလရှင်စာသင်တိုက်၊ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ အောက်ရွာဘုန်းတော် ကြီးကျောင်းနှင့် ကျောက်ကြီးတောင်ဘုန်းတော်ကြီးကျောင်း၊ ဘူးသီးတောင်မြို့နယ်ရှိ ပုဗ္ဗါရုံဘုန်းတော်ကြီးကျောင်းတိုက်၊ တောင်ကုတ်မြို့နယ်ရှိ သဒ္ဓမ္မရောင်ရှိန်ဘုန်းတော် ကြီးကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ လာဝယ်ကျေးရွာရှိ သာသနာပြုဘုန်းတော်ကြီးကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ခြေရှိ ဉယျာဉ်ပရိယတ္တိစာသင်တိုက်နှင့် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ဆံတော်ရပ်ကွက်ရှိ ဇောတိကာရုံဘုန်းတော်ကြီးကျောင်းတို့မှ ဆရာတော်၊ သံဃာတော် များ၊ သာသနာနွယ်ဝင် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နဝကမ္မ အလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ၊ နေ့ဆွမ်း များနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းကြပြီး ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း  သတင်းရရှိသည်။