တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ပို့ဆောင်

တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ပို့ဆောင်

ရန်ကုန်  ဖေဖော်ဝါရီ  ၂၃

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများအား တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေး ဌာနများ နှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို တပ်မတော်သား ဆရာ ဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက် အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို သတ်မှတ်အအေးလမ်း ကြောင်းစံချိန် စံညွှန်းများအတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ တပ်မတော်(လေ)မှ လေယာဉ်များ၊ Cold  Chain Delivery  Logistics မော်တော် ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကာကွယ်ဆေးသိုလှောင်ခန်း၌ ထားရှိသည့် ဆေးတစ် လုံးလျှင် လူ ၁၀ ဦးထိုးနိုင်သော Covaxin နှင့် Covid Shield အမှတ်တံဆိပ် ကာကွယ်ဆေးများကို ယနေ့တွင် ပို့ဆောင်ပေးရာ မြိတ်မြို့နယ်သို့ ကာကွယ်ဆေး ၂၀၂ လုံး၊ ကော့သောင်းမြို့နယ်သို့ ကာကွယ်ဆေး ၁၈၅ လုံး၊ တောင်ကြီးမြို့သို့ ကာကွယ်ဆေး ၈၀၀၀ လုံးနှင့် ကျိုင်းတုံမြို့သို့ ကာကွယ်ဆေး ၆၁၂ လုံး တို့ကို Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများနှင့် MNA လေကြောင်းလိုင်း တို့ဖြင့် ပို့ဆောင်ပေးခဲ့ပြီး တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်းနှင့် သက်ဆိုင်ရာ သို့ ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။