နေပြည်တော် စက်တင်ဘာ ၂၆
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ မံသာကျေးရွာနေ ဒေါ်မာမာဦး (ဘ) ဦးဟန်သိန်း၏နေအိမ်အား စက်တင်ဘာ ၂၆ ရက်နံနက် ၇ နာရီခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းအရ သွားရောက်စစ်ဆေးရာ ဒေါ်မာမာဦးကို WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၆၆၀ ပြား (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃ သိန်းကျော်) နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ မူးယစ်ဆေးဝါးများနှင့် ဖမ်းဆီးရမိသူအား ဗန်းမော်မြို့ မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။