ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော် လှူဒါန်းခြင်းများ ဆောင်ရွက်

ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော် လှူဒါန်းခြင်းများ ဆောင်ရွက်

ကိုဗစ်- ၁၉ ရောဂါကြိုတင် ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ ပြည်ထဲရေး ဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း၊ အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ် လှူဒါန်းခြင်းကို ဆောင်ရွက်လျက် ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၂၃ ရက်တွင် ကချင်ပြည်နယ်  မိုးညှင်းမြို့နယ်ရှိ ထီးလင်းကျောင်းတိုက်သို့ လည်းကောင်း၊ တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့နယ်ရှိ  ဝဲကြီးတောင် ကျောင်းတိုက်သို့ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်ရှိ ချမ်းမြေ့ဇေယျာသာမဏေကျော် တက္ကသိုလ်သို့ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ်ရှိ စင်ကာပူကျောင်း ပရိယတ္တိစာသင်တိုက်သို့ လည်းကောင်း၊  ရှမ်းပြည်နယ် နောင်ချိုမြို့နယ်ရှိ စိန်ရတနာပရိယတ္တိ စာသင်တိုက်သို့ လည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီး ညောင်တုန်းမြို့နယ်ရှိ တောင်ညို စာသင်တိုက်သို့ လည်းကောင်း ဆရာတော်၊ သံဃာတော်များ အတွက်   ဆွမ်းဆန်တော်များကို ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့/ ဦးစီးဌာနများမှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်တို့ရှိ တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းကြကြောင်း သတင်း ရရှိသည်။