တရားမဝင်သစ်များ ဖမ်းဆီးရမိ
နေပြည်တော် ဖေဖော်ဝါရီ ၂၃
သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ် ဖမ်းဆီးရေးအား ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် (Community Monitoring and Reporting System- CMRS)အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ (၁၄-၂-၂ဝ၂၂) မှ (၂ဝ-၂-၂ဝ၂၂)ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီး ဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း (၆၅ ဒသမ ၉၇၆၆) တန်၊ သစ်မာ (၃၁ဒသမ ၉၁၅ဝ) တန်၊ အခြား (၂၃၃ ဒသမ ၈၇၈၆)တန်၊ စုစုပေါင်း (၃၃၁ ဒသမ ၇၇ဝ၂)တန်၊ တရားခံ (၂၇) ဦး၊ ယာဉ်/ယန္တရား (၁၄) စီး ဖမ်းဆီးရမိခဲ့ကြောင်း၊ ဖမ်းဆီးရမိမှုများ အနက် အများဆုံး ဖမ်းဆီးရမိမှုမှာ ၁၉-၂-၂ဝ၂၂ ရက်တွင် ရခိုင်ပြည်နယ် သံတွဲခရိုင် တောင်ကုတ်မြို့နယ် လမူးဘိနယ် ငှက်ပျောတော ကျေးရွာအနီး လမူးချောင်းဘေးနှင့် အနီးဝန်းကျင်မှ တရားမဝင် တောင်သရက်/ကညင်/ သစ်ပုတ်ခွဲသား (၄၉၉)ချောင်း၊ (၅၃ ဒသမ ၃၇၁ဝ) တန်၊ လက်ကိုင်စက်လွှ(၂)လက်တို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့သည်။