တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ပို့ဆောင်

တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ပို့ဆောင်

ရန်ကုန် ဖေဖော်ဝါရီ ၂၄

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့် ရမည့်သူများအား တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်း များ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများကို သတ်မှတ်အအေးလမ်း ကြောင်းစံချိန် စံညွှန်းများအတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ တပ်မတော်(လေ)မှ လေယာဉ်များ၊ Cold  Chain Delivery  Logistics မော်တော် ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဗဟိုကာကွယ်ဆေးသိုလှောင်အအေးခန်း၌ ထားရှိသော ဆေးတစ်လုံးလျှင် လူ ၁၀ ဦး ထိုးနှံနိုင်သော Covaxin နှင့် ဆေးတစ်လုံးလျှင် လူ ၁၁ ဦး ထိုးနှံနိုင်သော Covishield အမှတ်တံဆိပ်ကာကွယ်ဆေးများကို ယနေ့တွင် ပို့ဆောင်ပေးရာ ချင်းပြည် နယ်၊ မတူပီမြို့သို့ Covaxin ၈၀၀ လုံး၊ Covishield ၁၃၈ လုံး၊ မင်းတပ်မြို့သို့ Covaxin ၃၀၀ လုံး၊ Covishield ၁၀၈ လုံး၊ ကန်ပက်လက်မြို့သို့ Covishield ၄၄ လုံး၊ ပလက်ဝ မြို့သို့ Covaxin ၂၀၀ လုံး၊ Covishield ၃၁၃ လုံး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့သို့ Covaxin ၇၀၀ လုံးနှင့် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့သို့ Covaxin ၂၅၀၀ လုံးတို့ကို Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများနှင့် မြန်မာ့လေ ကြောင်းလိုင်း MNA တို့ဖြင့် ပို့ဆောင်ပေးခဲ့ပြီး တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း နှင့် သက်ဆိုင်ရာသို့ ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။