တရားမဝင် သစ်မျိုးစုံနှင့် လိုင်စင်မဲ့ မော်တော်ယာဉ် ဖမ်းဆီးရမိ

တရားမဝင် သစ်မျိုးစုံနှင့် လိုင်စင်မဲ့ မော်တော်ယာဉ် ဖမ်းဆီးရမိ

နေပြည်တော်  ဖေဖော်ဝါရီ  ၂၄

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၂ဝ ရက်တွင် ရခိုင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပြည်နယ်သစ်တော ဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းစစ်ဆေးရေး အဖွဲ့များဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ကုတ်မြို့နယ်နှင့် အမ်းမြို့နယ်တို့အတွင်း တရားမဝင်သစ်မျိုးစုံ (၇၁ ဒသမ ၇၄ဝ၆)တန်   (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၆၃၈၄၈၆) ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်လျက် ရှိသည်။

ထို့ပြင် ဖေဖော်ဝါရီ ၂၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး   သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းစစ်ဆေးရေး အဖွဲ့များဖြင့် ရှောင်တခင်စစ်ဆေးမှုများ   ဆောင်ရွက်ခဲ့ရာ မင်္ဂလာဒုံမြို့နယ်အတွင်း  တရားမဝင် ကျွန်းတံခါးနှင့် တံခါးအပိုင်းအစ စုစုပေါင်း (သုည ဒသမ ၈၉၅)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၈၅ဝဝ)ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

အလားတူ မွန်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပြည်နယ်သစ်တောဦးစီးဌာနက ဦးဆောင်သော ပူးပေါင်း စစ်ဆေးရေးအဖွဲ့များဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မုဒုံမြို့နယ်၊ မုဒုံ-ချောင်းနှစ်ခွ ကားလမ်းပေါ်တွင်  တရားမဝင်  ပျဉ်းကတိုးခွဲသားနှင့် သင်္ကန်းတံခါးရွက် စုစုပေါင်း (သုည ဒသမ ၈၃၇)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၇၄ဝဝ)  ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

¤င်းအပြင် ဖေဖော်ဝါရီ ၂၄ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဦးဆောင်သော စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့နယ်အတွင်း TOYOTA WISHအမျိုးအစား   လိုင်စင်မဲ့ မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃ဝဝဝဝဝဝ) ဖမ်းဆီးရမိခဲ့ပြီး  ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ  အရေးယူဆောင်ရွက်လျက် ရှိသည်။

ထို့အတူ ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး  အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့များမှ သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သာယာဝတီခရိုင် သစ်တောကြိုးဝိုင်းအတွင်း တရားမဝင်သစ်မျိုးစုံ(၁၇ ဒသမ ၄ဝဝဝ)တန်   (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၃၇၅ဝဝ) ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဖေဖော်ဝါရီ ၂ဝ ရက်၊ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၇)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁ဝ၂၁၁၈၈၆) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။