ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်းနှင့် တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံတို့၌ တက်ရောက် ကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး ‌

ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်းနှင့် တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံတို့၌ တက်ရောက် ကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး ‌

နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၅

          ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်းနှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံတို့၌ တက်ရောက် ကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအား ယနေ့တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ ဒုတိယတိုင်းမှူးများနှင့် အဖွဲ့ဝင်များက သွား ရောက်ကြည့်ရှု၍ တစ်ဦးချင်း၏‌ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာ ရေးတိုးတက်မှု အခြေအနေများကို မေးမြန်းအားပေးစကားပြောကြားကြပြီး စား သောက်ဖွယ်ရာများ ပေးအပ်ကြသည်။

         ထို့နောက် ဒုတိယတိုင်းမှူးများနှင့် အဖွဲ့ဝင်များသည် ဆေးရုံများအတွင်း လှည့်လည် ကြည့်ရှုကြ၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။