စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ချင်းပုန်းကျေးရွာအတွင်း ခိုအောင်းနေထိုင်၍ အဖျက်အမှောင့်လုပ်ရပ်များလုပ်ဆောင်နေသည့် PDF အမည်ခံအကြမ်းဖက်သမားများ အား လက်နက်ခဲယမ်းဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ချင်းပုန်းကျေးရွာအတွင်း ခိုအောင်းနေထိုင်၍ အဖျက်အမှောင့်လုပ်ရပ်များလုပ်ဆောင်နေသည့် PDF အမည်ခံအကြမ်းဖက်သမားများ အား လက်နက်ခဲယမ်းဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော် ဖေဖေါ်ဝါရီ - ၂၆ 

စစ်ကိုင်းတိုင်းဒေသကြီး၊ယင်းမာပင်မြို့နယ်အတွင်းရှိ အချို့ကျေးရွာများ၌ PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် အကြမ်းဖက်လုပ်ရပ်များဖြစ်ပေါ်စေရန် လှုံ့ဆော်ခြင်း၊ အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား သတ်ဖြတ်ခြင်း၊ အများ ပြည်သူနှင့် သက်ဆိုင်သည့်နေရာများအား မိုင်းထောင်၊ မိုင်းခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံပြည်သူလူထုနှင့် ခရီးသွားပြည်သူများအား အဓမ္မခြိမ်းခြောက် ဆက်ကြေး တောင်းခံခြင်း စသည့်အဖျက်အမှောင့်လုပ်ရပ်များကို လုပ်ဆောင်နေကြောင်း ရိုးသားစွာ နေထိုင်လုပ်ကိုင်စားသောက်လိုသည့် တာဝန်သိပြည်သူအချို့၏ သတင်းပေးပို့ချက်အရ သိရှိရသည်။

ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ယင်းမာပင်မြို့နယ်အတွင်း လုံခြုံရေး နှင့် တရားဉပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိစဉ် ယင်းမာ ပင်မြို့နယ်၊ ချင်းပုန်းကျေးရွာ၌ PDF အမည်ခံ အကြမ်းဖက်သမားများ ရောက်ရှိခိုအောင်း လျက်ရှိကြောင်း သတင်းအရ ကျေးရွာဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းအား လိုအပ်သည့် စစ်ဆေးခြင်းများဆောင်ရွက်နိုင်ရေး ချဉ်းကပ်စဉ် အပြန်အလှန်ထိတွေ့မှုဖြစ် ပွားခဲ့ပြီး အကြမ်းဖက်သမားများသည် အရှေ့မြောက်ဘက်နှင့် အနောက်ဘက်သို့ ထိခိုက် ဒဏ်ရာရရှိမှုများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

ဖြစ်စဉ်နေရာအား ရှင်းလင်းရှာဖွေခဲ့ရာ PDF အမည်ခံအကြမ်းဖက်သူအမျိုးသား၊ အမျိုးသမီးအလောင်းအချို့၊ လက်လုပ်သေနတ်မျိုးစုံ ၁၈ လက်၊ လက်လုပ်စိန်ပြောင်း ၄ လက်၊ လက်လုပ်လက်ပစ်ဗုံးနှင့် ဗုံးသီးမျိုးစုံ ၁၄ လုံး၊ အမ်-၂၂ ကျည် ၆၈ တောင့်၊ ၉ မမ ကျည် ၃၇ တောင့်နှင့် အခြားဆက်စပ်ပစ္စည်းများ၊ KLUGER အမျိုးအစား မော်တော်ယာဉ် ၁ စီး၊ SKAT အမျိုးအစား မော်တော်ယာဉ် ၂ စီး၊ Light Truck အမျိုးအစားမော်တော်ယာဉ် ၂ စီး၊ SURF အမျိုးအစား မော်တော်ယာဉ် ၁ စီး၊ ဆိုင်ကယ်မျိုးစုံ ၄၅ စီး၊ Drone ၁ စီး လမ်းလျှောက်စကားပြောစက်များ၊ နိုင်ငံကူးလက်မှတ် ၃၆ အုပ်နှင့် အလျား ၁၀၀ ပေ၊ အနံ ၁၀၀ ပေရှိ လေ့ကျင့်ရေးကွင်း ၁ ခုတို့ကို သိမ်းပိုက်ရရှိခဲ့သည်။

အကြမ်းဖက်သမားများအနေဖြင့် ယခုကဲ့သို့ စစ်ရေးနှင့်သက်ဆိုင်သည့် ပစ်မှတ်များ မဟုတ်သော ဘာသာရေး၊ ပညာရေးဆိုင်ရာအဆောက်အဦများနှင့် လူနေအိမ်များကို အကာအကွယ်ရယူပစ်ခတ်တိုက်ခိုက်ခြင်း၊ စခန်းချအခြေပြု အကာအကွယ်ယူတိုက်ခိုက် ခြင်းသည် ဂျီနီဗာကွန်ဗင်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာဉပဒေတို့အရ စစ်ရာဇဝတ်မှုကျူး လွန်ရာရောက်ပြီး အဆိုပါရာဇဝတ်မှုများအတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဉပဒေ ရာဇ သတ်ကြီးနှင့် သက်ဆိုင်ရာတည်ဆဲဉပဒေများဖြင့် ထိရောက်စွာအရေးယူနိုင်ရေး ဆက် လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်း ဖက်မှုနှိမ်နှင်းရေးလုပ်ငန်းများကို ပြည်သူလူထုတို့နှင့်အတူ ပူးပေါင်း၍ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။