ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ကြေညာထားသည့် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက် ထောက်ပံ့နေသူများနှင့် လက်နက်/ခဲယမ်းများကို လက်ဝယ်ထားရှိခဲ့သူများအား ပြစ်ဒဏ် အသီးသီးချမှတ်
နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၁)ရပ် ကွက်နေ မိုးသီဟ(ဘ)ဦးဇော်မိုး နှင့် စည်သူအောင်(ခ)ငမိုး(ဘ)ဦးမောင်မိုး တို့သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ဆူပူဆန္ဒပြမှုဖြစ်စဉ်များတွင် တတ်ကြွစွာပါဝင် လှုပ်ရှားခြင်း၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၁)ဖြင့် အကြမ်းဖက်အုပ်စုများအဖြစ်သတ်မှတ်ကြေညာထားသည့် အဖွဲ့ အစည်းများနှင့် ဆက်သွယ်ခြင်း၊ ငွေကြေးထောက်ပံ့ခြင်းများ ပြုလုပ်ခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး(Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အကြမ်း ဖက်မှုတိုက်ဖျက်ရေး ဉပဒေပုဒ်မ ၅၀(ည) အရ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက်တွင် ၎င်းတို့အား “ထောင်ဒဏ်တစ်သက် ” ပြစ်ဒဏ်ကို အမိန့်ချ မှတ်လိုက်ကြောင်း သိရှိရသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၅၀) ရပ်ကွက်၊ ငုဝါမြိုင်လမ်းနေ ပိုင်ပိုင်(ခ)ညီညီပိုင်(ဘ)ဦးကြည်ဝင်း သည် အကြမ်းဖက် သမားများဖြစ်သည့် အောင်မျိုးလွင်(ဘ)ဦးမြ၊ ညိုမင်းထွန်း(ခ)ညိုကြီး(ဘ) ဦးအေးဟန် နှင့် ကျော်စည်သူ(ဘ)ဦးစံထွန်းအောင် တို့မှ လာရောက်အပ်နှံထားသော အကြမ်းဖက်မှုများလုပ်ဆောင်ရာတွင်အသုံးပြုသည့် လက်နက်/ခဲယမ်းများဖြစ်သည့် အီနာဂါ ၈ လုံး၊ လက်လုပ်သေနတ် ၁ လက်၊ ၉ မမ ကျည် ၁၄ တောင့်၊ လက်လုပ်မိုင်း ၂ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ ဆက်စပ်ပစ္စည်းများအား လက်ဝယ်ထားရှိခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး(Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အကြမ်း ဖက်မှုတိုက်ဖျက်ရေး ဉပဒေပုဒ်မ ၅၁(ဂ) အရ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက်တွင် ၎င်းအား “ထောင်ဒဏ် ၁၀ နှစ်” ပြစ်ဒဏ်ကို အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။
အဆိုပါပြစ်ဒဏ်ချမှတ်ခံရသူများအနက်မှ ထွက်ပြေးလွတ်မြောက်နေသူများ အား ၎င်းနှင့်စပ်လျဉ်း၍ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ-၈၇၊ ၈၈ အရ ဖမ်းဝရမ်း ထုတ်ဆင့်ရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။
စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကြေညာထားသည့် မြို့နယ်များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်း ပူးတွဲထုတ်ပြန်ထား ကြောင်းနှင့် အဆိုပါပြစ်မှုများကို ဖောက်ဖျက်ကျူးလွန်ပါက စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှု များဆောင်ရွက်ကာ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန်အရေးယူဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။