ယခုရက်ပိုင်းအတွင်း ရန်ကုန်ရွှေဈေးကွက်၌ ရောင်းလိုအားများလာ
ယခုရက်ပိုင်းအတွင်း ရန်ကုန်ရွှေဈေးကွက်၌ ရောင်းလိုအား များနေပြီး လက် ကားဈေးကွက်အပြင် လက်ဝတ်ရတနာ ဈေးကွက်၌ပါ ရောင်းချသူ များပြားလာနေ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်း ရှင်များ အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်၏ပြောဆို ချက်အရ သိရသည်။
''နယ်ကလည်း ရွှေကုန်ကြမ်းထွက်နေပြီ၊ ရွှေဆိုင်တွေကလည်း ပြန်ဖွင့်နေပြီဆို တော့ အရောင်းများကြတယ်။ ရောင်းတဲ့ သူကြိုက်နေတယ်ပေါ့။ ရွှေထွက်တဲ့ရာသီ ဖြစ်နေတော့ ရွှေတွင်းတွေကလည်း တောက်လျှောက် အဝင်ရှိနေတယ်'' ဟု ဦးမျိုးမြင့်ကပြောသည်။
လက်ရှိတွင် ရွှေတူးဖော်ရာဒေသများမှ ကုန်ကြမ်းဝင်ရောက်မှု များပြားနေသည့် အပြင် ဈေးနှုန်းများ စံချိန်တင်မြင့်တက် မှုမရှိစေရေးအတွက် ဝယ်လိုအားများပြား လာပါက ရွှေဆိုင်များနှင့် ကုန်သည်များက ထုတ်ရောင်းခြင်း ပြုလုပ်နိုင်ရန် ကြိုတင် ဆောင်ရွက်မှုများပြုလုပ်ထားကြောင်း သိရ သည်။
ယခင်က ကုန်သည်များ ရွှေအရောင်း အဝယ်ပြုလုပ်ရာတွင် ဆိုင်းငံ့ငွေရှင်းခြင်း များပြုလုပ်လေ့ရှိသော်လည်း လက်ရှိတွင် ရွှေထိငွေထိရောင်းဝယ်ခြင်းများ ပြုလုပ်ရန် နှင့် ရွှေဆိုင်များကိုလည်း ရွှေရှိမှသာ အရောင်းအဝယ်ပြုလုပ်ရန် ညွှန်ကြားထား ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၆ ရက်တွင် ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၈၈၈ ဒေါ်လာနှင့် ပြည်တွင်းငွေလဲနှုန်း မှာ ပြင်ပပေါက်ဈေး အမေရိကန်တစ် ဒေါ်လာလျှင် ငွေကျပ် ၁၇၈၆ ကျပ်အထိ ရှိကြောင်း သိရသည်။
ရန်ကုန်အခေါက် ရွှေဈေးနှုန်းမှာ တစ် ကျပ်သားလျှင် ငွေကျပ် ၁၉၂၃ဝဝဝ အထိ ရှိကြောင်း သိရသည်။