ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အပြန်အလှန် ဂိုးဖန်တီးမှုနှင့် ဂိုးသွင်းယူနိုင်မှု အကြိမ်ရေအများဆုံး တိုက်စစ်အတွဲအဖြစ် ဟယ်ရီကိန်းနှင့် ဆွန်ယောင်မင်တို့ စံချိန်သစ်တင်

ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အပြန်အလှန် ဂိုးဖန်တီးမှုနှင့် ဂိုးသွင်းယူနိုင်မှု အကြိမ်ရေအများဆုံး တိုက်စစ်အတွဲအဖြစ် ဟယ်ရီကိန်းနှင့် ဆွန်ယောင်မင်တို့ စံချိန်သစ်တင်

စပါးအသင်းတိုက်စစ် အတွဲဖြစ်သည့် ဟယ်ရီကိန်း နှင့် ဆွန်ယောင်မင်တို့သည် ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အပြန်အလှန် ဂိုးဖန်တီးမှုနှင့် ဂိုးသွင်းယူနိုင်မှု အကြိမ်ရေအများဆုံး တိုက်စစ်အတွဲအဖြစ် စံချိန်သစ် တင်နိုင်ခဲ့ကြောင်း သိရသည်။

စပါးအသင်းက လေးဂိုးပြတ်ဖြင့် အနိုင်ရရှိသော လိဒ်အသင်းနှင့်ပွဲစဉ်၌ ပွဲချိန် ၈၅ မိနစ်တွင် ဆွန်ယောင် မင်သွင်းယူနိုင်ခဲ့သည့် သွင်းဂိုးကို ဟယ်ရီကိန်းက ဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပြီးနောက် စုစုပေါင်း ၃၇ ကြိမ်ဖြင့် စံချိန် သစ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

အစောပိုင်းက ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ် လျှောက်  အပြန်အလှန် ဂိုးဖန်တီးမှုနှင့် ဂိုးသွင်းယူနိုင်မှု အကြိမ်ရေအများဆုံး တိုက်စစ်အတွဲအဖြစ် ချယ်လ်ဆီး အသင်းမှ ဒရော့ဘာနှင့် လမ်းပတ်တို့အတွဲက ၃၆ ကြိမ်ဖြင့် ထိပ်ဆုံးမှ ရပ်တည်ခဲ့ခြင်းကို ယခုအခါ ဟယ်ရီကိန်းနှင့် ဆွန်ယောင်မင်တို့ တိုက်စစ်အတွဲက တစ်ကြိမ်အသာဖြင့် ကျော်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် အပြန်အလှန် ဂိုးဖန်တီးမှုနှင့် ဂိုးသွင်းယူနိုင်မှု အကြိမ်ရေအများဆုံး အတွဲစာရင်း တတိယနေရာ၌ မန်စီးတီး အသင်းမှ အဂူရိုနှင့် ဒေးဗစ်ဆေးလ်ဗား၊ အာဆင်နယ်အသင်းမှ ပီရက်စ်နှင့် ဟန်နရီတို့က ၂၉ ကြိမ်စီဖြင့် ရပ်တည်နေပြီး စတုတ္ထနေရာ၌ စပါးအသင်းမှ အန်ဒါတန်နှင့် ရှရင်ဂမ်တို့အတွဲက ၂၇ ကြိမ်ဖြင့် ရပ်တည်လျက်ရှိကြောင်း သိရသည်။