ချယ်လ်ဆီးအသင်းပိုင်ရှင် အီဗရာမိုဗစ်ချ်က ချယ်လ်ဆီးအသင် းဖောင်ဒေးရှင်းအဖွဲ့ထံ  အသင်းကို လွှဲပြောင်းပေးအပ်ကြောင်း အတည်ပြု ကြေညာ

ချယ်လ်ဆီးအသင်းပိုင်ရှင် အီဗရာမိုဗစ်ချ်က ချယ်လ်ဆီးအသင် းဖောင်ဒေးရှင်းအဖွဲ့ထံ  အသင်းကို လွှဲပြောင်းပေးအပ်ကြောင်း အတည်ပြု ကြေညာ

ချယ်လ်ဆီးအသင်းပိုင်ရှင်     အီဗရာမိုဗစ်ချ်က ချယ်လ်ဆီးအသင်း ဖောင်ဒေးရှင်းအဖွဲ့ထံ အသင်းကို လွှဲပြောင်းပေးအပ်ကြောင်း   အတည်ပြု ကြေညာခဲ့သည်။

အီဗရာမိုဗစ်ချ်သည် ချယ်လ်ဆီးအသင်းကို နှစ်ပေါင်း ၂ဝ ခန့်ပိုင်ဆိုင်ခဲ့ပြီး စတင်ပိုင်ဆိုင်ချိန်ကတည်းက ငွေကြေးများစွာ ရင်းနှီးမြှုပ်နှံကာ ပရီးမီးယားလိဂ် ပြိုင်ပွဲ၌သာမက ဥရောပ၌ပါ ထိပ်တန်းအသင်း တစ်သင်းဖြစ်အောင် တည်ဆောက်နိုင်ခဲ့သည်။ ထို့ပြင် အီဗရာမိုဗစ်ချ်သည်  နည်းပြမော်ရင်ဟိုနှင့်လည်း အကောင်းဆုံး လက်တွဲပြီး  အသင်းကို  ထိပ်တန်းအသင်းတစ်သင်းဖြစ်အောင်  တည်ဆောက်ခဲ့ကာ Rလက်ထက်တွင်   ချယ်လ်ဆီးအသင်းအနေဖြင့် ဆုဖလားများစွာ ဆွတ်ခူးနိုင်ခဲ့သည်။

အီဗရာမိုဗစ်ချ်က လက်ရှိဖြစ်ပွားနေသည့် ရုရှား- ယူကရိန်းအရေးကြောင့် အသင်းအပေါ်သက်ရောက်မှု များ ရှိလာနိုင်သည့်အတွက် တခြားသူထံ ရောင်းချခြင်းမဟုတ်ဘဲ အသင်းဖောင်ဒေးရှင်း အဖွဲ့ထံ လွှဲပြောင်း ပေးအပ်ခဲ့ခြင်းဖြစ်သည်။

''အသင်းပိုင်ရှင် အီဗရာမိုဗစ်ချ်က ချယ်လ်ဆီးအသင်း ဖောင်ဒေးရှင်းအဖွဲ့ထံ အသင်းကို လွှဲပြောင်း ပေးအပ်လိုက်ပါပြီ။ အသင်းနဲ့ ပတ်သက်တဲ့ ကိစ္စအဝဝကို အသင်းဖောင်ဒေးရှင်း အဖွဲ့က တာဝန်ယူဆောင်ရွက်မှာပါ။  ချယ်လ်ဆီးအသင်းက  ရောင်းချရမယ့် အရာဝတ္ထုမဟုတ်ပါဘူး။   ဖောင်ဒေးရှင်းအဖွဲ့က အသင်းကို အကောင်းဆုံး ဦးဆောင်သွားပါလိမ့်မယ်''ဟု ချယ်လ်ဆီးအသင်းမှ ထုတ်ပြန်ခဲ့သည်။

အစောပိုင်းက     ချယ်လ်ဆီး အသင်းအနေဖြင့် အသင်းပိုင်ရှင် အီဗရာမိုဗစ်ချ် မပိုင်ဆိုင်တော့လျှင် ငွေကြေးဆိုင်ရာ အခက်အခဲများနှင့် တွေ့ကြုံလာပြီး ထိခိုက်မှုများ ရှိလာနိုင်သည်ဟု ခန့်မှန်းမှုများ ရှိခဲ့သော်လည်း ချယ်လ်ဆီးအသင်းအနေဖြင့် နောက်ဆုံး ၁ဝနှစ်အတွင်း အသင်းပိုင်ရှင်၏ ငွေကြေးများ မပါဝင်ဘဲ အသင်းစပွန်ဆာဝင်ငွေနှင့် ရုပ်သံဝင်ငွေများဖြင့်သာ ရပ်တည်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။