အနုပညာရှင်အချို့အား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခြင်း

အနုပညာရှင်အချို့အား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခြင်း

          နိုင်ငံတော်၏ တည်ဆဲဥပဒေများကို ကျူးလွန်ဖောက်ဖျက်မှုကြောင့် ပြစ်ဒဏ်ကျခံလျက် ရှိသော အနုပညာရှင်များဖြစ်သည့် ပိုင်တံခွန်(သရုပ်ဆောင်)၊ လူမင်း(သရုပ်ဆောင်)၊ ပြေတီဦး (သရုပ်ဆောင်)၊ အိန္ဒြာကျော်ဇင်(သရုပ်ဆောင်)တို့အား အနုပညာဖြင့် နိုင်ငံတည်ဆောက်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်စေရေးအတွက် ၎င်းတို့ကျခံရန်ရှိသည့် ပြစ်ဒဏ်များကို ၂၀၂၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် လွတ်ငြိမ်းခွင့်ပြုခဲ့ပြီး ဝင်းမင်းသန်း(Beauty Blogger)အား ၎င်းကျခံလျက်ရှိသည့် ပြစ်ဒဏ်များအနက် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ကျခံရန်ရှိသည့် ပြစ်ဒဏ်များကို လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်းနှင့် ဒါရိုက်တာ ဝိုင်း အပေါ် အရေးယူထားသည့်ပြစ်မှုအား ပိတ်သိမ်းပေးခဲ့ကြောင်း သက်ဆိုင်ရာမှ သတင်းရရှိပါသည်။