စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ကျောက်တိုင်ကျေးရွာအတွင်း ခိုအောင်းနေထိုင်၍  အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်နေသည့် PDF  အမည်ခံအကြမ်းဖက်သမားများ၏  လက်နက်ခဲယမ်းဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ကျောက်တိုင်ကျေးရွာအတွင်း ခိုအောင်းနေထိုင်၍  အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်နေသည့် PDF  အမည်ခံအကြမ်းဖက်သမားများ၏  လက်နက်ခဲယမ်းဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိ

နေပြည်တော်၊ မတ် ၂ ရက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ယင်းမာပင်မြို့နယ်၊ ကျွန်းလှမြို့နယ် တို့အတွင်းရှိ အချို့ကျေးရွာများ၌ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ ခိုအောင်း နေထိုင်၍ အပြစ်မဲ့ဒေသခံပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက် သတ်ဖြတ်ခြင်း၊ နိုင်ငံပိုင်အဆောက်အဦများ၊ အများပြည်သူနှင့် သက်ဆိုင်သော နေရာများအား ဖောက်ခွဲမီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံ ပြည်သူလူထုနှင့် ခရီးသွားများအား အဓမ္မဆက်ကြေးတောင်းခံခြင်း စသည့် အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်လျက် ရှိကြောင်း ရိုးသားစွာနေထိုင်လုပ်ကိုင် စားသောက်လိုသည့် တာဝန်သိပြည်သူအချို့က သတင်းပေးပို့လာခဲ့သဖြင့် အဆိုပါမြို့နယ်များ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ် သည့် လုံခြုံရေးဆိုင်ရာလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိသည်။

           ထိုသို့ ဆောင်ရွက်လျက်ရှိစဉ် ဝက်လက်မြို့နယ်၊ ကျောက်တိုင်ကျေးရွာ၌ PDF အမည်ခံအကြမ်းဖက်သမားများ ရောက်ရှိခိုအောင်းလျက်ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့တွင် အဆိုပါကျေးရွာသို့ သွားရောက်၍ လိုအပ်သည့် ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ကျေးရွာအတွင်းရှိ နေအိမ်အချို့မှ လက်လုပ်သေနတ် မျိုးစုံ ၁၆ လက်၊ ပြုလုပ်ဆဲလက်လုပ်သေနတ် ကိုယ်ထည် ၅ ခု၊ ၁၂ ဗို့ကျည် ၄၁ တောင့်၊ လက်လုပ်ကျည် ၁၂ တောင့်၊ လက်လုပ်မိုင်း ၁၁ လုံးနှင့် လက်လုပ်မိုင်းနှင့် လက်နက်ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ NLD ပါတီအလံ ၈၁ နှင့် ပါတီတံဆိပ်ပါ အင်္ကျီတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

           အကြမ်းဖက်သမားများအနေဖြင့် ယခုကဲ့သို့ စစ်ရေးနှင့် မသက်ဆိုင်သော ဘာသာရေး၊ ပညာရေးဆိုင်ရာ အဆောက်အဦများနှင့် လူနေအိမ်များကို အကာအကွယ် ရယူ ပစ်ခတ်တိုက်ခိုက်ခြင်း၊ စခန်းချအခြေပြုအကာအကွယ်ယူ တိုက်ခိုက်ခြင်းတို့သည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဉပဒေတို့အရ စစ်ရာဇဝတ်မှုကျူးလွန် ရာရောက်ပြီး အဆိုပါရာဇဝတ်မှုများ အတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဉပဒေ ရာဇသတ်ကြီးနှင့် သက်ဆိုင်ရာ တည်ဆဲဉပဒေများဖြင့် ၎င်းတို့အပေါ် ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လုံခြုံ ရေးတပ်ဖွဲ့ ဝင်များအနေဖြင့် အကြမ်းဖက်မှု နှိမ်နင်းရေးလုပ်ငန်းများကို ပြည်သူလူထုတို့နှင့် အတူ ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။