​​​​​​​ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော် လှူဒါန်းခြင်းများ ဆောင်ရွက်

ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော် လှူဒါန်းခြင်းများ ဆောင်ရွက်

 နေပြည်တော်   မတ်  ၂

          ကိုဗစ်- ၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း ဆွမ်း ကိစ္စရပ်များအဆင်ပြေစေရန် ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ် လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

          ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်ရှိ မဟာဇနကကျောင်းတိုက်သို့လည်းကောင်း၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ မဟာဂန္ဓာရုံ တိုက်သစ်၊ ပရိယတ္တိစာသင်တိုက်သို့လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်ရှိ ကြို့ပင်ပရိယတ္တိစာသင်တိုက်သို့လည်းကောင်း၊  ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်ရှိ သိမ်တော်လှ ကျောင်းတိုက်သို့လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ ပုဗ္ဗာရုံကျောင်းတိုက် သို့လည်းကောင်း၊ မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ ကျောင်းသစ်ကျောင်းစာသင်တိုက်သို့လည်းကောင်း၊ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ သာသနာ့လင်္ကာရစာသင်တိုက်သို့လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့/ဦးစီးဌာနများမှ သက်ဆိုင်ရာနေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ပြည်နယ်တို့ရှိ တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိပါသည်။