အမွေအနှစ်အဆောက်အအုံ ပြင်ဆင်ထိန်းသိမ်းရေး စီမံကိန်းများ လုပ်ဆောင်နေ

ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့သည် ရန်ကုန်မြို့ရှိ အမွေအနှစ်နေရာလေးခုတွင်  အဆောက်အအုံ ပြင်ဆင်ထိန်းသိမ်းရေး စီမံကိန်းလုပ်ငန်းများ လုပ်ဆောင်နေကြောင်း အဆိုပါအဖွဲ့မှ   Digital   Communication Assistant ဒေါ်ငြိမ်းဇာသွယ်၏ ပြောဆိုချက်အရ သိရသည်။

အဆိုပါနေရာလေးခုမှာ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ အဆောက်အအုံများ၊ နည်းပညာတက္ကသိုလ်၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် အဆောက်အအုံတို့ဖြစ်ပြီး လက်ရှိတွင် ပြုပြင်ထိန်းသိမ်းရေးစီမံကိန်းများအတွက် အရည်အသွေးစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့အနေဖြင့်      ထိုအဆောက်အအုံများအပြင် ရန်ကုန်မြို့အတွက် အရေးပါသော သမိုင်းဝင်အမွေအနှစ်အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေး စီမံကိန်းများအတွက်လည်း  ပူးပေါင်းပါဝင် လုပ်ဆောင်မည်ဖြစ်ကြောင်း၊ လက်ရှိတွင်   အဆောက်အအုံ  အရည်အသွေး   စစ်ဆေးရေးလုပ်ငန်းများကို ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၏ The YHT Service Team(YHTST)မှ ဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

Kaykay