ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၏ (၂၆)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်း အမှတ် အခမ်းအနားပြုလုပ်

ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၏ (၂၆)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်း အမှတ် အခမ်းအနားပြုလုပ်

နေပြည်တော်၊ မတ် - ၃

ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၏(၂၆)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ စစ်ရေးပြ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် စစ်ရေးပြ ကွင်း၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက တိုင်းနှစ်ပတ်လည်နေ့အထိမ်းအမှတ် မိန့်ခွန်းပြောကြားပြီး အခမ်းအနားကို စစ်ရေးပြအစီအစဉ်အတိုင်း ဆက်လက်ကျင်းပသည်။ ထို့နောက် တိုင်းနှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် အရာရှိ၊ စစ်သည်၊ မိသားစုများအား ဂုဏ်ပြုဆုများ ပေးအပ်ခြင်းကို တိုင်းစစ်ဌာနချုပ်၊ တိုင်းရန်အောင်ခန်းမ၌ ပြုလုပ်ရာ သင်တန်းအသီးသီးတွင် ဆုရရှိကြသူများ၊ အိမ်ထောင်သည်လိုင်းခန်းသန့်ရှင်းရေးနှင့် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများတွင် ဆုရရှိကြသူများအား တိုင်းမှူးနှင့် တာဝန်ရှိသူ များက ဂုဏ်ပြုဆုများ အသီး သီးပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။