မိုးကုတ်မြို့နယ်တွင် ငွေကျပ် ၂ဝ ဘီလီယံ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များ ဖမ်းဆီးရမိ

မိုးကုတ်မြို့နယ်တွင် ငွေကျပ် ၂ဝ ဘီလီယံ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များ ဖမ်းဆီးရမိ

နေပြည်တော်  မတ်  ၃

မိုးကုတ်မြို့နယ်တွင်  ငွေကျပ် ၂ဝ ဘီလီယံ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ  မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ  တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မတ် ၁ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်၊ လယ်ကြီးပူးပေါင်း စစ်ဆေးရေးစခန်းတွင် မိုင်းလုံမှ မိုးကုတ်သို့  မောင်းနှင်လာသည့် ငြျျညေ ခြောက်ဘီးယာဉ်ကို စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် ယာဉ်မောင်းဖြစ်သူ ဝေသူမှာ ထွက်ပြေးသွားပြီး    ယာဉ်နောက်လိုက် အေးနိုင်(ခ)စိုးမြင့်နိုင် ၃ဝ နှစ်နှင့်အတူ ဒေသကာလ တန်ဖိုးငွေကျပ် ၂ဝ ဘီလီယံ တန်ဖိုးရှိ  အိုက်စ်  (မက်သ်အဖက်တမင်း) ၁ တန် သိမ်းဆည်းရမိခဲ့ပြီး  စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ   အိုက်စ် (မက်သ်အဖက်တမင်း)များအား    ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ  မန္တလေးတိုင်း ဒေသကြီးသို့ သယ်ဆောင်ခြင်း ဖြစ်ကြောင်း  သိရှိရသဖြင့်  ဥပဒေအရ အရေးယူထားရှိပြီး  ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို  ဆက်လက်စစ်ဆေး ဖော်ထုတ်လျက် ရှိကြောင်း သိရသည်။