ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား နယ်စပ်ဂိတ် အသီးသီးတွင် ဆက်လက် လက်ခံလျက်ရှိ

ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား နယ်စပ်ဂိတ် အသီးသီးတွင် ဆက်လက် လက်ခံလျက်ရှိ

နေပြည်တော် မတ်  ၃

ပြည်ပနိုင်ငံများမှ  ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ် အသီးသီးတွင်  လက်ခံဆောင်ရွက်ပေးလျက်ရှိရာ မတ် ၂ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့သို့  ပြန်လည် ဝင်ရောက်လာသူ အမျိုးသား ၂၃ ဦး၊ အမျိုးသမီး ၂၈ ဦး၊ စုစုပေါင်း ၅၁ ဦးတို့ကို လက်ခံခဲ့ကြသည်။

ထိုသို့လက်ခံရာတွင်    သက်ဆိုင်ရာ ပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်ဆေး တပ်ဖွဲ့ဝင်များက  ကိုဗစ်-၁၉   ရောဂါစစ်ဆေးပေး ခြင်း၊     Quarantine  ဝင်ရောက်ရမည့် အထောက်အထား   စာရွက်စာတမ်းများ ပြုလုပ်ပေးခြင်း၊ ကျန်းမာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို ရှင်းလင်း ပြောကြားခြင်း တို့ကို    စနစ်တကျ ဆောင်ရွက်ပေးပြီး တိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးကြသည်။

ထို့နောက်   မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့များက  စီစဉ်ဆောင်ရွက်ပေးသည့် ခရီးသည်တင်   မော်တော်ယာဉ်များဖြင့် ၎င်းတို့နေရပ် အသီးသီးသို့ လိုက်လံပို့ဆောင် ပေးခဲ့ကြောင်းနှင့်  ရောဂါပိုး တွေ့ရှိသူများအား သက်ဆိုင်ရာ နေရာများတွင်  သီးသန့်ထားရှိ၍ လိုအပ်သည့် ကျန်းမာရေးဆိုင်ရာများနှင့်  အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များကို အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်း ရရှိသည်။