ကင်မရွန်းနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က အသင်းဂန္ထဝင် ကစားသမားကြီး ရီဂိုဘတ်ဆောင်းကို လက်ရွေးစင်အသင်း နည်းပြသစ်အဖြစ် ခန့်အပ်ကြောင်း အတည်ပြုကြေညာ

ကင်မရွန်းနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က အသင်းဂန္ထဝင် ကစားသမားကြီး ရီဂိုဘတ်ဆောင်းကို လက်ရွေးစင်အသင်း နည်းပြသစ်အဖြစ် ခန့်အပ်ကြောင်း အတည်ပြုကြေညာ

ကင်မရွန်းနိုင်ငံဘောလုံး အဖွဲ့ချုပ်က အသင်းဂန္ထဝင် ကစားသမားကြီး   ရီဂိုဘတ်ဆောင်းကို  လက်ရွေးစင် အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ကြောင်း  အတည်ပြုကြေညာခဲ့သည်။

အသက် ၄၅ နှစ်အရွယ် ရီဂိုဘတ်ဆောင်းသည် ကစားသမားဘဝကို မက်အသင်းနှင့် စတင်ခဲ့ပြီးနောက်  ဥရောပထိပ်တန်း အသင်းကြီးများဖြစ်သည့် လီဗာပူး၊ ဝက်စ်ဟမ်းနှင့်    ဂါလာတာဆာရေး အသင်းတို့တွင် ကစားခဲ့ဖူးသူဖြစ်သည်။

အလားတူ  ရီဂိုဘတ်ဆောင်းသည်  ကင်မရွန်း လက်ရွေးစင် အသင်းနှင့်လည်း ၁၉၉၃ ခုနှစ်က စတင်ပါဝင်ကစားခဲ့ပြီး  ၂ဝ၁ဝ ပြည့်နှစ်က ကစားသမား ဘဝမှ အနားယူခဲ့ပြီးနောက် အသင်းအတွက် ပြိုင်ပွဲစုံ ၁၃၇ ပွဲအထိကစားခဲ့ကာ အသင်းဂန္ထဝင် ကစားသမား အဖြစ် သတ်မှတ်ခံထားရသူဖြစ်သည်။

နည်းပြ ရီဂိုဘတ်ဆောင်းသည် ၂ဝ၁၈ ခုနှစ်က ကင်မရွန်းအသင်းကို ယာယီနည်းပြအဖြစ် တာဝန်ယူ ကိုင်တွယ်ဖူးသူဖြစ်ပြီး  နောက်ပိုင်းတွင်  ကင်မရွန်း လူငယ်အသင်းနှင့် ယူ-၂၃ အသင်းတို့ကို တာဝန်ယူ ကိုင်တွယ်ခဲ့ပြီးနောက် ယခုအခါ အသင်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရခြင်းဖြစ်သည်။

ကင်မရွန်းနိုင်ငံဘောလုံး အဖွဲ့ချုပ်က  ပြီးခဲ့သည့် အာဖရိကဖလား ပြိုင်ပွဲအပြီးတွင် ပေါ်တူဂီလူမျိုးနည်းပြ   အန်တိုနီယိုကွန်ဆီကာအိုနှင့် လမ်းခွဲပြီးနောက် နည်းပြ လက်မဲ့ဖြစ်နေရာမှ ရီဂိုဘတ်ဆောင်းကို ခန့်အပ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။