ပန်းတောင်းမြို့နယ်အတွင်း ငွေကျပ် ၃ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သယ်ဆောင်လာ သူအားဖမ်းဆီးရမိ

နေပြည်တော်   စက်တင်ဘာ  ၂၇

ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးကျေးရွာအနီး ပြည်-တောင်ကုတ် ကားလမ်း ပေါ်၌ လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ယာဉ်ဖြတ်သန်း သွားလာမှုများအား စစ်ဆေးစဉ် စက်တင်ဘာ ၂၆ ရက် ည ၈ နာရီခွဲခန့်တွင် ပန်းတောင်းမြို့ဘက်မှ တောင်ကုတ်မြို့ ဘက်သို့ မောင်းနှင်လာသော PORTER II အမျိုးအစား မော်တော်ယာဉ်အမှတ်၊ MDY-9Q/---- ယာဉ်တစ်စီးအား ရပ်တန့်စစ်ဆေးရာ ယာဉ်မောင်းနှင်သူ စိုင်းသော်စိုး(ဘ) ဦးသန်းထွန်းကို ယာဉ်ပေါ် မှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၁၆၀၀၀ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ် ၃ ဘီလီယံကျော် ခန့်)နှင့် အတူဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့် ဖမ်းဆီးရမိသူများအား ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်ရဲစခန်း၌  တရား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 (၁၀၀)