မန်စီးတီးအသင်း အဓိကခံစစ်ကစားသမား ရူဘင်ဒီယက်စ် တံကောက်ကြောဒဏ်ရာကြောင့် ရက်သတ္တခြောက်ပတ်ခန့်အထိ အနားယူရမည်

မန်စီးတီးအသင်း  အဓိကဗဟိုခံစစ်ကစားသမား ရူဘင်ဒီယက်စ်သည် တံကောက်ကြောဒဏ်ရာကြောင့် ရက်သတ္တခြောက်ပတ်ခန့်အထိ အနားယူရမည်ဖြစ်ကြောင်း နည်းပြဂွါဒီယိုလာက အတည်ပြုခဲ့သည်။

ရူဘင်ဒီယက်စ်သည် အက်ဖ်အေဖလားပွဲစဉ်အဖြစ် မန်စီးတီးအသင်းက ပီတာဘရော့အသင်းကို ၂ ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိသည့်ပွဲစဉ်၌ ပွဲချိန် ၄၆ မိနစ်တွင် တံကောက်ကြောဒဏ်ရာရရှိခဲ့ပြီးနောက် ဆက်လက်ကစားနိုင်ခြင်း မရှိတော့သည့်အတွက် တခြားဗဟိုခံစစ် ကစားသမားတစ်ဦးဖြစ်သည့် ဂျွန်စတုန်းနှင့်လူစားလဲ ထွက်ခွာခဲ့ရခြင်း ဖြစ်သည်။

ထို့နောက်  ရူဘင်ဒီယက်စ်၏ဒဏ်ရာကို  အသေး စိတ်စစ်ဆေးမှုများပြုလုပ်ပြီးနောက်   ဒဏ်ရာမှာ အနည်းငယ် ပြင်းထန်သည့်အတွက် အနည်းဆုံး ရက်သတ္တခြောက်ပတ်ခန့်အထိ အနားယူရမည်ဖြစ်သည်ဟု နည်းပြဂွါဒီယိုလာက အတည်ပြုခဲ့ခြင်း ဖြစ်သည်။

နည်းပြ ဂွါဒီယိုလာက ကျွန်တော်တို့ ရူဘင်ဒီယက်စ်ကို အနည်းဆုံး ရက်သတ္တခြောက်ပတ်လောက် လက်လွှတ်ရပါလိမ့်မယ်။ အခုလို အသင်းအတွက် အရေးကြီးနေတဲ့အချိန်မှာ အဓိက ကစားသမားတစ်ဦးကို လက်လွှတ်ထားရတာ  အသင်းအတွက်  အများကြီးနစ်နာပါတယ်။ ကျွန်တော်တို့ထင်ထားတာထက်ပိုပြီး အမြန်ဆုံးသက်သာလာဖို့ မျှော်လင့်ပါတယ်ဟု ပြောသည်။

ရူဘင်ဒီယက်စ်သည် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလက ဘင်ဖီကာအသင်းမှ မန်စီးတီးအသင်းသို့ပြောင်း ရွှေ့ကစားခဲ့ပြီးနောက် အသင်းနှင့်ပထမဆုံးဘောလုံး ရာသီတွင်ပင် အကောင်းဆုံးခြေစွမ်းပြနိုင်ကာ ပရီးမီးယားလိဂ် ချန်ပီယံဆုဖလား ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်  တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကိုလည်း ပထမဆုံးရာသီတွင် ရရှိခဲ့သူဖြစ်ကြောင်း သိရသည်။

Ref;Fotomobo.com