နေပြည်တော် စက်တင်ဘာ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက် နေသော တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၂၆ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၅၀ ခန့်တွင် မောင်းမကန် ဘုတ်ကျွန်း၏ အနောက်တောင်ဘက် ရေမိုင် ၁၃ မိုင်ခန့်အကွာသို့အရောက်၌ ထိန်ထိန်ဝင်း အမည်ရှိ စက်လှေတစ်စင်းဖြင့် တရားမဝင် ငါးခိုးဖမ်းနေသည့် လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းကျေးရွာနေ ဦးကျော်ကျော်(ဘ) ဦးကျော်ညွန့်အပါအဝင် အမျိုးသားရှစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသူများနှင့်လှေအား လောင်းလုံးမြို့၊ ငါးလုပ်ငန်းဦးစီးဌာနသို့စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(၁၀၀)