နောင်ချိုမြို့အနီး တိုးဂိတ်၌ မူးယစ်ဆေးဝါး သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ

နေပြည်တော်   စက်တင်ဘာ  ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့အနီး တိုးဂိတ်၌ လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့ သည် ယာဉ်ဖြတ်သန်းသွားလာမှုများအား စစ်ဆေးစဉ် ယနေ့နံနက် ၇ နာရီ ၄၅ မိနစ်ခန့်တွင်   ကျောက်မဲမြို့ဘက်မှ နောင်ချိုမြို့ဘက်သို့ မောင်းနှင်လာသော လိုင်စင်မဲ့မော်တော် ဆိုင်ကယ်တစ်စီး အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်မောင်းနှင်သူ အိုက်စိုင်း(ဘ) ဦးအိုက်စံနှင့် လိုက်ပါစီးနင်းသူ မအေးနွမ်း(ဘ) ဦးစံမြိုင်တို့ကို ဆိုင်ကယ်ထိုင်ခုံအောက်၌ အပြာရောင် ပလတ်စတစ်ကပ်ခွာအိတ် များဖြင့် ထုပ်ပိုးသိုဝှက်ထားသည့် WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ပြား (ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၂၀ ခန့်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါမူးယစ်ဆေးဝါးများနှင့် ဖမ်းဆီးရမိသူများအားနောင်ချိုမြို့နယ်ရဲစခန်း၌ တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

(၁၀၀)