တရားမဝင်သစ်မျိုးစုံ၊ မော်တော်ယာဉ်နှင့် စားသောက်ကုန်ပစ္စည်းများ ဖမ်းဆီးရမိ

တရားမဝင်သစ်မျိုးစုံ၊ မော်တော်ယာဉ်နှင့် စားသောက်ကုန်ပစ္စည်းများ ဖမ်းဆီးရမိ

နေပြည်တော်   မတ်   ၆

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့် အညီ ထိရောက်စွာတားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ် ၅ ရက်တွင် ချင်းပြည်နယ်၊   တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ဟားခါးမြို့မရဲစခန်း ဦးဆောင်သော စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဟားခါးမြို့နယ်အတွင်း တရားမဝင် စားသောက်ကုန်ပစ္စည်းများ  (ခန့်မှန်း တန်ဖိုးငွေကျပ် ၁ဝ၁၉၉ဝဝဝ) ဖမ်းဆီးရမိခဲ့ပြီး  ချင်းဝိသေသတိုင်း အက်ဥပဒေနှင့်အညီ   အရေးယူ ဆောင်ရွက်လျက်ရှိသည်။

အလားတူ  မတ်  ၆ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊  တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး  သစ်တောဦးစီးဌာနက ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေး အဖွဲ့များမှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင် သစ်တောကြိုးဝိုင်း အတွင်း သစ်မျိုးစုံ(၁ ဒသမ ဝ၇၂၆)တန်  (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃ဝ၉၁) ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေး အဖွဲ့များမှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့နယ် အတွင်း လိုင်စင်မဲ့ မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ်   ၅ဝဝဝဝဝဝ) ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း၊ တမူးမြို့နယ်အတွင်း တရားမဝင် ကညင်သစ်(၄ ဒသမ ၂၁၁)တန် (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၂၁ဝ၅၅ဝ) သစ်တောဥပဒေအရလည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၅၂၁ဝ၅၅ဝ) ဖမ်းဆီး အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ မတ် ၅ ရက်နှင့် ၆ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၅)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၄၄၂၆၄၁) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။