ဘာစီလိုနာအသင်းတွင် လာရောက် ကစားချင်သည့် ထိပ်တန်းကစားသမား များစွာရှိကြောင်း နည်းပြ ဇာဗီပြောကြား

ဘာစီလိုနာအသင်းတွင် လာရောက် ကစားချင်သည့် ထိပ်တန်းကစားသမား များစွာရှိကြောင်း နည်းပြ ဇာဗီပြောကြား

ဘာစီလိုနာအသင်းနည်းပြ ဇာဗီက လက်ရှိအချိန်တွင်  ဘာစီလိုနာအသင်းတွင် လာရောက်ကစားချင်သည့်  ထိပ်တန်းကစားသမား များစွာရှိကြောင်း   ဟာလန်းကိုခေါ်ယူရန်  ဆွေးနွေးမှု သွားရောက်လုပ်ဆောင် အပြီးတွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း  ဘာစီလိုနာအသင်း က ဒေါ့မွန်အသင်းနှင့် အနာဂတ်မရေမရာ ဖြစ်နေသည့် တိုက်စစ်မှူး ဟာလန်းကိုခေါ်ယူရန် နည်းပြဇာဗီကိုယ် တိုင် ဂျာမနီနိုင်ငံ မြူးနစ်မြို့သို့ သွားရောက်ပြီး ဟာလန်း၏ အေးဂျင့်ဖြစ်သူများနှင့် ဆွေးနွေးခဲ့သည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။

လာမည့်နွေရာသီ  ကစားသမား အပြောင်းအရွှေ့ ကာလတွင် ရီးယဲလ်မက်ဒရစ် အသင်းက ပီအက်စ်ဂျီ အသင်းမှ  အမ်ဘတ်ပီကိုခေါ်ယူရန်  ချိတ်ဆက်မှုများ ပြုလုပ်နေသည့် အတွက် ဘာစီလိုနာအသင်းကလည်း ဟာလန်းကိုခေါ်ယူရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

ဘာစီလိုနာအသင်း နည်းပြဇာဗီက  ဟာလန်းကို ခေါ်ယူရန် ဂျာမနီနိုင်ငံ မြူးနစ်မြို့သို့ သွားရောက်ခဲ့သည့် သတင်းနှင့် ပတ်သက်ပြီး အတည်ပြုခဲ့သည်။

နည်းပြဇာဗီက  ''လက်ရှိအချိန်မှာ  ဘာစီလိုနာ အသင်းမှာ  မကစားချင်တဲ့ ကစားသမားတစ်ဦးမှ မရှိပါဘူး။ အသင်းမှာ ကစားချင်တဲ့ ထိပ်တန်းကစားသမား တွေ  အများကြီးရှိပါတယ်။ နွေရာသီ ကစားသမား အပြောင်းအရွှေ့ကာလမှာ စောင့်ကြည့်စေလိုပါတယ်'' ဟု ပြောသည်။