တိုက်စစ်မှူး စီရော်နယ်ဒို မန်စီးတီးအသင်းနှင့် ပွဲစဉ်၌ ဒဏ်ရာကြောင့်မဟုတ်ဘဲ နည်းပြရင်းဂ်နစ်နှင့် ဆက်ဆံရေး အဆင်မပြေ၍ ကစားသမားစာရင်းမှ နုတ်ထွက်ကြောင်း သတင်းထွက်ပေါ်

မန်ယူအသင်းတိုက်စစ်မှူး    စီရော်နယ်ဒိုသည် မန်စီးတီးအသင်းကို ၄ ဂိုး-၁ ဂိုးဖြင့် ရှုံးနိမ့်သည့်ပွဲစဉ်၌ ဒဏ်ရာကြောင့် မဟုတ်ဘဲ    နည်းပြရင်းဂ်နစ်နှင့် ဆက်ဆံရေးအဆင်မပြေ၍  ကစားသမားစာရင်းမှ နုတ်ထွက်ကြောင်း သတင်းထွက်ပေါ်ခဲ့သည်။

အဆိုပါ ပွဲစဉ်မတိုင်မီ နာရီပိုင်းအလိုအထိ စီရော် နယ်ဒိုအနေဖြင့် ဒဏ်ရာရရှိခြင်းမရှိသော်လည်း ပွဲစဉ် အတွက်   နည်းစနစ်များ ရေးဆွဲရာတွင်    နည်းပြရင်းဂ်နစ်နှင့် စီရော်နယ်ဒိုတို့ ဆက်ဆံရေး မပြေလည်မှုများ ဖြစ်ပေါ် ခဲ့ပြီးနောက် မန်စီးတီးအသင်းနှင့် မန်ယူအသင်းတို့ ပွဲစဉ်မတိုင်မီ  နာရီပိုင်းအလိုတွင် စီရော် နယ်ဒိုသည် အသေးစား ဒဏ်ရာကြောင့် လွဲချော်ခဲ့သည်ဟု နည်းပြရင်းဂ်နစ်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နောက်ပိုင်း သတင်းထွက်ပေါ်မှုများအရ နည်းပြ  ရင်းဂ်နစ်သည်  မန်စီးတီးအသင်းနှင့်ပွဲစဉ်၌ ခံစစ် ပိုင်းအားပြု ကစားရန်  စီရော်နယ်ဒိုကို ပွဲထွက်ကစား သမားစာရင်းမှ   ချန်လှပ်ထားပြီး   ကွင်းလယ်နှင့် ခံစစ်ပိုင်းကိုသာ အားပြုကစားရန် နည်းစနစ်ရေးဆွဲ ခြင်းဖြစ်သည်။

စီရော်နယ်ဒိုသည် အဆိုပါပွဲစဉ်၌ ပွဲထွက်ကစားလို သော်လည်း    နည်းပြရင်းဂ်နစ်၏   ပွဲစဉ်နည်းစနစ် ကြောင့် အမျက်ထွက်ကာ နှစ်ဦးသားအချင်းများခဲ့ ပြီးနောက် စီရော်နယ်ဒိုကိုယ်တိုင်က ပါဝင်ကစားလို ခြင်း မရှိသည့်အတွက် ဒဏ်ရာအကြောင်းပြပြီး ချန်လှပ် ခဲ့ခြင်းဖြစ်သည်ဟု  သတင်းများထွက်ပေါ်ခဲ့ခြင်းဖြစ် သည်။

အဆိုပါပွဲစဉ်၌ မန်ယူအသင်းအနေဖြင့် မန်စီးတီး အသင်းကို ပထမပိုင်းတွင်သာ  တုံ့ပြန်နိုင်ခဲ့သော်လည်း ဒုတိယပိုင်းတွင် မန်စီးတီးအသင်းက ခြေစွမ်းပိုင်းအသာစီးဖြင့်  ဂိုးပြတ်အနိုင်ရရှိခဲ့ကြောင်း  သိရသည်။                    

Ref;Dailymail