ရိုးမားအသင်းတိုက်စစ်မှူး အီဗရာဟမ်သည် ရိုးမားအသင်းနှင့် အတ္တလန္တာအသင်းတို့ကစားသည့် ပွဲစဉ်၌ အသင်းအတွက် တစ်လုံးတည်းသောအနိုင် ဂိုးသွင်းယူနိုင်ပြီးနောက် ဥရောပထိပ်တန်းလိဂ်ငါးခု တွင် တစ်ရာသီအတွင်း သွင်းဂိုး ၂၀ ပြည့်မြောက်သည့် အင်္ဂလန်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
အသက် ၂၄ နှစ်အရွယ် အီဗရာဟမ်သည် ယခုဘောလုံးရာသီတွင် ချယ်လ်ဆီးအသင်းမှ ရိုးမား အသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီး အသင်းနှင့်ပထမဆုံး ဘောလုံးရာသီတွင်ပင် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ကာ အတ္တလန္တာအသင်းနှင့် ပွဲစဉ်၌ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ပြိုင်ပွဲစုံ သွင်းဂိုး ၂၀ ပြည့်မြောက်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ဥရောပထိပ်တန်း လိဂ်ငါးခုမှ အင်္ဂလန်ကစားသမားများတွင် သွင်းဂိုး ၂၀ ပြည့်မြောက်သည့် ကစားသမားတစ်ဦးမျှ မရှိသေးဘဲ အီဗရာဟမ်က ပထမ ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။
အီဗရာဟမ်သည် ရိုးမားအသင်းနည်းပြမော်ရင်ဟို လက်အောက်တွင် ပုံစံကောင်းပြလျက်ရှိပြီး ယခု ဘောလုံးရာသီတွင် စုစုပေါင်း ပြိုင်ပွဲစုံ ပွဲပေါင်း ၃၀ ပါဝင်ကစားကာ သွင်းဂိုး ၂၀ အထိ သွင်းယူနိုင်ခဲ့ သည့်အပြင် ဂိုးဖန်တီးမှု လေးကြိမ်ပြုလုပ်ပြီး ခြေစွမ်းပြ လျက်ရှိရာ အင်္ဂလန်ကစားသမားများတွင် တစ်ရာသီ အတွင်း စီးရီးအေသွင်းဂိုး အများဆုံး ကစားသမားဖြစ် လာကြောင်း သိရသည်။
Ref;Opta.