တောင်ငူတပ်နယ်အတွင်းရှိ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကာကွယ် ဆေးထိုးနှံခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေး
နေပြည်တော်၊ မတ် - ၈
တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊တောင်ငူတပ်နယ်အတွင်းရှိ အသက်(၂)နှစ်အောက် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အေးချမ်းဖြိုးခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ အတွက် စားသောက်ဖွယ်ရာများ ပေးအပ်သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းများကို တောင်ငူမြို့ရှိ တပ်မတော် ဆေးရုံမှ ပါရဂူများနှင့် ဆရာဝန်များက ကိုယ်ဝန်ဆောင်မိခင်(၁၇)ဦးနှင့် ကလေးငယ် (၃၆)ဦးတို့ကို ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဦးနှောက် အမြှေးရောင်ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်ကာကွယ်ဆေး၊ ပိုလီယို ကာကွယ်ဆေးနှင့် ဝက်သက်၊ ဂျိုက်သိုးကာကွယ်ဆေးများ ထိုးနှံ/တိုက်ကျွေးခဲ့ကြ ကြောင်း သတင်းရရှိသည်။