မီးလောင်မှုဖြစ်ပွားခဲ့သည့် ပန်းတနော်မြို့နယ်၊ ကျုံတိုင်းကလေးကျေးရွာအုပ်စု၊ ကျုံတိုင်းကလေးကျေးရွာ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများပြုလုပ်

မီးလောင်မှုဖြစ်ပွားခဲ့သည့် ပန်းတနော်မြို့နယ်၊ ကျုံတိုင်းကလေးကျေးရွာအုပ်စု၊ ကျုံတိုင်းကလေးကျေးရွာ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများပြုလုပ်

နေပြည်တော်၊ မတ် - ၈

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ ကျုံတိုင်းကလေးကျေးရွာအုပ်စု၊ ကျုံတိုင်းကလေးကျေးရွာ၌ မတ် ၅ ရက် ည ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် မီးလောင် ကျွမ်းမှုဖြစ်ပွားခဲ့ပြီး မီးလောင်ကျွမ်းမှုကြောင့် နေအိမ် ၃၈ လုံး ပျက်စီးဆုံးရှုံးခဲ့ရာ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ဌနာဆိုင်ရာအဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းအဖွဲ့များက ယနေ့တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ သွားရောက်ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။