မောတောင်မြို့ရှိ ဌာနဆိုင်ရာများ၊ ပညာရေးဝန်ထမ်းများအား သွားရောက်တွေ့ဆုံ၊ ဆေးရုံတက် လူနာများအားကြည့်ရှုအားပေး

မောတောင်မြို့ရှိ ဌာနဆိုင်ရာများ၊ ပညာရေးဝန်ထမ်းများအား သွားရောက်တွေ့ဆုံ၊ ဆေးရုံတက် လူနာများအားကြည့်ရှုအားပေး

နေပြည်တော်၊ မတ် - ၈

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ပိုင်းတွင် မောတောင်မြို့နယ်ရှိ မြို့နယ်အဆင့် ဌာနဆိုင်ရာများအား ပြည်ဖြိုးထွန်း ဆီအုန်းစိုက်ပျိုးရေးစီမံကိန်းခန်းမ၌ သွားရောက်တွေ့ဆုံသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အမှာစကားများအသီးသီးပြော ကြားပြီး တက်ရောက်လာကြသူများ၏ တင်ပြချက်များနှင့် ပြည်ဖြိုးထွန်းအင်တာ နေရှင်နယ်ကုမ္ပဏီလီမိတက်တို့မှ ဆောင်ရွက်လျက်ရှိသည့် လက်ဖက်ပျိုးပင်များ ပျိုး ထောင်ထားရှိမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် မောတောင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရှိ ဆရာ၊ ဆရာမများအား သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားပြီး ကျောင်းသုံးစာရေးကိရိယာများနှင့် ထောက်ပံ့ငွေများပေးအပ် သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် မောတောင်မြို့ရှိ (၁၆)ခုတင်ဆံ့ တိုက်နယ်ဆေးရုံ၌ ဆေးရုံတက်ရောက်လျက်ရှိသည့် ဆေးရုံတက်လူနာများအား သွားရောက်တွေ့ဆုံအားပေးစကားပြောကြားပြီး ထောက်ပံ့ငွေ များပေးအပ်ကာ အဆိုပါဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။