နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်ရှိ အစိုးရအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်တာဝန်ရှိသူများ၊ နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် မြို

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်ရှိ အစိုးရအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်တာဝန်ရှိသူများ၊ နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် မြို့မိမြို့ဖများကို တွေ့ဆုံ

စစ်ကိုင်း၊ မတ် ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့သို့ ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရွေဘိုမြို့ နယ်မြေခံတပ်၊ တပ်နယ်ခန်းမ၌ အရာရှိ၊ စစ်သည်၊ မိသားစုဝင် များကို တွေ့ဆုံမှာကြားပြီး  စားသောက်ဖွယ်ရာများကို ပေးအပ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့သည် စစ်ကိုင်းမြို့သို့ သွားရောက်၍ စစ်ကိုင်းမြို့ နယ်မြေခံတပ်၊  တပ်နယ်ခန်းမ၌ အရာရှိ၊ စစ်သည်၊ မိသားစုဝင် များကိုတွေ့ဆုံကာ လိုအပ်သည်များမှာကြားပြီး  ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး  မြထွန်းဦးနှင့် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကြီး တို့က စားသောက် ဖွယ်ရာများ၊ မျိုးစေ့များနှင့် တိရိစ္ဆာန်ကာကွယ်ကုသရေးဆေးများကို ပေးအပ်ရာ တာဝန်ရှိသူ များက လက်ခံရယူကြသည်။

၎င်းနောက်စစ်ကိုင်းမြို့ရှိ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် မြို့မိမြို့ဖများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ အမှတ်တရလက်‌ဆောင်ပစ္စည်းများ ပေးအပ်သည်။ ယင်းနောက် စစ်ကိုင်းမြို့ရှိ မြို့နယ်ခန်းမတွင် စစ်ကိုင်းခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ အမှာစကားပြောကြားသည်။ 

ထို့နောက် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဆန်းထွန်းစိန်က နယ်မြေဒေသ အခြေအနေများကိုရှင်းလင်းတင်ပြရာ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများပေးအပ်ရာ ခရိုင်အဆင့်ဌာနဆိုင်ရာများကိုယ်စား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဆန်းထွန်းစိန်နှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာများကိုယ်စား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်စွာမောင်စိုးတို့က လက်ခံရယူကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်ကိုင်းတောင်ရိုးရှိ အပြည်ပြည် ဆိုင်ရာ သီတဂူဝိပဿနာ ကမ္မဌာန်းဌာန၊ အဓိပတိကျောင်းဆောင်သို့ သွားရောက်၍ သီတဂူ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဉာဏိဿရ အား သွားရောက်ဖူးမြော် ကြည်ညိုပြီး လှူဖွယ် ပစ္စည်းများနှင့် ဝတ္တုငွေများ ဆပ်ကပ်လှူဒါန်းကြောင်း သတင်းရရှိသည်။