ရေနွေးကြမ်းဆိုတာရေနွေးဆူနေတဲ့အထဲ လက်ဖက်ခြောက်တစ်ဇွန်းစာခတ်ပြီး အိုးမှချအအေးခံကာ သောက်ရတဲ့ရေကျက်အေးတစ်မျိုးပဲဖြစ်တယ်။ ရေနွေးကြမ်းကို ရှေးမြန်မာလက်ထက်ကတည်းက ယနေ့တိုင်သောက်သုံးနေကြတယ်။
အသက်အရွယ်တစ်ခု ရောက်လာတဲ့အခါ စိတ်ဓာတ်ကျတာတွေသူ့ အလိုလိုဝင်လာတတ်တယ်။ သူတို့ရဲ့ မျိုးရိုးကြောင့်ဖြစ်စေ၊ လူမှုကိစ္စ၊ စီးပွားရေးအခြေအနေ၊ လူနေထိုင်မှုပုံစံ၊ မိသားစုအခြေအနေတွေကြောင့် ဝင်ငွေနဲ့ထွက်ငွေ မလုံလောက်ပဲ စိတ်ခံစားရမှု အမျိုးမျိုးဖြစ်ကာ စိတ်ဓာတ်ကျလာတယ်။ စိတ်ဓာတ်ကျတာ သက်သာစေဖို့၊ လျော့ကျနိုင်ဖို့ နည်းလမ်းကောင်းအနေနဲ့ ရေနွေးကြမ်း သောက်ပေးသင့်ပါတယ်။ ရေနွေးကြမ်းက စိတ်ဖိစီးမှုကျန်းမာရေးအတွက် အကျိုးရှိရုံမက အသားအရေပါ စိုပြည်လှပစေပါတယ်။ ရေနွေးပူပူကို လက်ဖက်ခြောက် အနည်းငယ်ရောပြီး ရေနွေးကြမ်းသောက်တာဟာ ကျန်းမာရေး ကောင်းကျိုးများစွာ ရပါတယ်။
ကင်ဆာရောဂါ ပျောက်ကင်းနိုင်ပါတယ်။ ရေနွေးကြမ်းပုံမှန် သောက်ပေးတဲ့အခါ ကင်ဆာရောဂါဖြစ်နှုန်းကို လျော့ကျစေပါတယ်။ အစာအိမ်ကင်ဆာ၊ အရေပြားကင်ဆာ၊ အဆုတ်ကင်ဆာဖြစ်ပွားနိုင်မှု လျော့ကျစေတယ်။ သွေးတိုးထိန်းပေးနိုင်ပါတယ်။
သွေးတိုးရောဂါရှိသူ၊ သွေးပေါင်တက်တဲ့ သူဆိုရင် ရေနွေးကြမ်းပုံမှန်သောက်သုံးပေး တဲ့အခါ သွေးပေါင်ချိန်ထိန်းထားသလို ဖြစ်တာကြောင့် သွေးတိုးသမားတွေအတွက် အထူးသင့်တော်ပါတယ်။
အရေပြားကျန်းမာရေး ကောင်းမွန်စေပါတယ်။ ရေနွေးကြမ်းပုံမှန်သောက်ပေးတာက အရေပြား ကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။ အရေပြားတွေချောမွတ် စိုစွတ်စေတဲ့ သူတွေ၊ အရေပြား နူးညံ့ချင်သူတွေ အရေပြားလှပဖို့အတွက် ရေနွေးကြမ်းပုံမှန် သောက်ပေးသင့်တယ်။
သွားကျန်းမာရေး ကောင်းမွန်စေတယ်။ ရေနွေးကြမ်းသောက်ပေးတာက သွားကျန်းမာရေး အထူးကောင်းမွန်စေတယ်။ ရေနွေးကြမ်း ပုံမှန်သောက်ပေးတာက သွားထဲက ဗက်တီးရီးယားတွေကို ကာကွယ်ပေးနိုင်ကာ သွားကျန်းမာရေး အထူးကောင်းမွန်စေနိုင်ပါတယ်။
အယ်ဇိုင်းမားရောဂါ ကာကွယ်နိုင်ပါတယ်။ ရေနွေးကြမ်းပုံမှန်သောက်ပေးတာက အယ်ဇိုင်းမားဆိုတဲ့ အသက်ကြီးတဲ့အခါ မှတ်ဉာဏ်လျော့တာတွေ၊ သတိမေ့တာတွေ တားဆီးပေးနိုင်မှာ ဖြစ်တယ်။ ရေနွေးကြမ်း သောက်ပေးတဲ့အခါ ဦးနှောက်မှာရှိတဲ့ စွမ်းအားတွေပိုပြီး ကောင်းမွန်စေကာ အယ်ဇိုင်းမားဖြစ်တာ ကျစေပါတယ်။
အိပ်ပျော်စေနိုင်ပါတယ်။ ရေနွေးကြမ်းကိုနေ့ခင်း၊ နေ့လယ်၊ ညနေစောင်းအချိန်တွေမှာ သောက်ပေးတာက ညဘက်မှာနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်ပါတယ်။ ရေနွေးကြမ်းသောက်ပေးတဲ့အခါ မယ်လင်တိုနင်အိပ်စက်မှု ဟော်မုန်းထုတ်တာကိုအားပေးတဲ့အတွက် ပိုပြီးအိပ်ပျော်စေနိုင်ပါတယ်။
ကိုယ်တွင်းအဆီချေဖျက်မှုကောင်းစေတယ်။ ရေနွေးကြမ်းသောက်ပေးတာက ဇီဝတွင်းဖြစ်ပျက်တာတွေ ကိုယ်တွင်းအစာချေဖျက်တာ၊ ကြီးထွားတဲ့အပိုင်း၊ စွန့်ထုတ်တဲ့အပိုင်းစတဲ့ သက်ဆိုင်တဲ့ ဖြစ်စဉ်တွေကို အားကောင်းစေပြီး ကိုယ်တွင်းအဆီချေဖျက်မှုကို အားကောင်းစေနိုင်ပါတယ်။
ကိုယ်အလေးချိန်ထိန်းပေးနိုင်ပါတယ်။
ရေနွေးကြမ်းကခန္ဓာကိုယ်ရဲ့ အပူတွေကျစေပြီး ဇီဝကမ္မဖြစ်စဉ်တွေ အလျင်အမြန် အလုပ်လုပ်ဖို့အတွက် လှုံ့ဆော်ပေးတယ်။ အစာအိမ်ထဲမှာရှိတဲ့အစာဟောင်း၊ အညစ်အကြေးတွေကိုဆီး၊ ဝမ်းအဖြစ်အပြင်ဘက် စွန့်ပစ်ပေးလို့ လူကိုပေါ့ပါး စေပါတယ်။ ကယ်လိုရီတွေလည်းလောင်ကျွမ်းစေတယ်။
အာရုံစူးစိုက်မှုကောင်းစေတယ်။ ရေနွေးကြမ်းကို ပုံမှန်သောက်ပေးတဲ့အခါ အာရုံစူးစိုက်မှုကောင်းမွန်စေတယ်။ အလုပ်ထဲမှာ အာရုံစူးစိုက်တာတွေနည်းနေတယ်။
အလုပ်လုပ်ချင် စိတ်မရှိတာမျိုးဖြစ်နေရင် ရေနွေးကြမ်းပူပူလေးတစ်ခွက်သောက်သုံးပေးတဲ့အခါ အာရုံစူးစမ်းမှုတွေပိုပြီး ကောင်းမွန်လာစေနိုင်ကာ သွက်သွက်လက်လက် ဖြစ်လာစေနိုင်ပါတယ်။ ရေနွေးကြမ်း တစ်ခွက်ကို ပုံမှန်သောက်ပေးတာက ကျန်းမာရေး ကောင်းကျိုးဖြစ်စေနိုင်ပါတယ်။
တစ်နေ့တာရေနွေးကြမ်းနှစ်ခွက်သုံးခွက်လောက် သောက်ပေးသင့်ပါတယ်။ ရေနွေးကြမ်းဟာ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပြီး ဘေးထွက်ဆိုးကျိုး ဖြစ်မလာအောင်တစ်နေ့ကို သုံးလေးခွက်ပဲ သောက်သင့်တယ်။ ကိုယ်ဝန်ဆောင်တွေအနေနဲ့ တစ်နေ့ကို အများဆုံးနှစ်ခွက်သာ သောက်ပေးသင့်ပြီး နို့တိုက်မိခင်တွေတစ်နေ့တစ်ခွက်လောက်သာသောက် ပေးသင့်ပါတယ်။
ကျန်းမာရေးကောင်းမွန်တဲ့သူ ရောဂါအခံရှိသူတွေအနေနဲ့ တစ်ရက်ကို တစ်ခွက်နှစ်ခွက် လောက်ပဲ သောက်သုံးပေးသင့်ပါတယ်။
ရေနွေးကြမ်းအသောက်များရင် ကျန်းမာရေးအတွက် ဆိုးကျိုးရှိတတ်ပါတယ်။ ရေနွေးကြမ်းက ကော်ဖီ၊ လက်ဖက်ရည်၊ လက်ဖက်သုပ်တို့ထက် ကဖင်းဓာတ်ပါဝင်မှု နည်းတယ်ဆိုပေမယ့် အလွန်အကျွံသောက်မိရင် နှလုံးခုန်မြန်စေသလို သွေးတိုးရောဂါကိုလည်း ခံစားရနိုင်ပါတယ်။ သွေးတိုးရောဂါ၊ နှလုံးသွေးကြော ရောဂါရှိသူတွေအနေနဲ့ ရေနွေးကြမ်းကို အများကြီးမသောက်တာက အကောင်းဆုံးဖြစ်တယ်။ ရေနွေးကြမ်း သောက်ရင် ကျန်းမာရေးအတွက် ကောင်းကျိုးရှိတယ်ဆိုပေမယ့် အလွန်အကျွံ သောက်သုံးတဲ့အခါ ကျန်းမာရေးအတွက် ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။
လက်ဖက်ရည် အများကြီးသောက်တာက ခန္ဓာကိုယ်ရဲ့ အစားအသောက်ထဲမှာပါတဲ့ သံဓာတ်စုပ်ယူမှုကို အဟန့်အတားဖြစ်စေနိုင်ပြီး သွေးနီဥဆဲလ်ဖြစ်ပေါ်မှု အားနည်းစေကာ မလုံလောက်တာကြောင့် သွေးအားနည်း တာတွေဖြစ်စေနိုင်ပါတယ်။ စိတ်ဖိစီးမှု၊ စိုးရိမ်စိတ်၊ ဝမ်းပျက်ဝမ်းလျှော၊ ဝမ်းမမှန်တာလည်း ဖြစ်စေနိုင်ပါတယ်။
အစားအသောက်မမှန်တာ ဖြစ်နိုင်ပါတယ်။ လက်ဖက်ရည်ကျကျ သောက်တတ်သူ လက်ဖက်ခြောက်များများ ခတ်ပြီး သောက်တတ်သူတွေမှာ ရင်ခံတတ်တာ၊ အစားအသောက်မစားချင်တာ ဖြစ်နိုင်တယ်။ ပုံမှန်စားသောက်ချိန်မှာ ရေနွေးကြမ်းနှစ်ခွက်သုံးခွက်သောက်သုံးလိုက်တာကြောင့် အစာစားချိန်ကျော်သွားတာ မစားချင်တာ ဖြစ်စေနိုင်ပါတယ်။ ပုံမှန်ထက်ရေဓာတ် မြင့်သွားတတ်လို့ ကိုယ်လက်လေးလံတာ၊ ဆီးမကြာခဏသွားတာ ဖြစ်စေနိုင်ပါတယ်။ ။
ဒေါက်ာတာလွင်သန့်