ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စု၊ မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီးဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲပြုလုပ်

ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စု၊ မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီးဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲပြုလုပ်

နေပြည်တော်၊ မတ် - ၉

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စု၊ မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီးဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်မြတ်ကြီး၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ပွဲတော်အား ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးပြီး မင်္ဂလာမုခ်ဦးအား အမွှေးနံ့သာရည်များပက်ဖျန်းပေးသည်။ ထို့နောက် ရင်ပြင်တော်ရှိ မဟာမင်္ဂလာမဏ္ဍပ်၌ သံဃာတော်များက စေတီတော်မြတ်ကြီးအား ဗုဒ္ဓါ ဘိသေက အနေကဇာတင်ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာ ကြသူများက ပဓာနိကာရာမကျောင်းတိုက် ဦးစီးနာယက ဆရာတော် ဘဒ္ဒန္တပညောဘာသ ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ယင်းနောက် သံဃာတော်များထံမှ ပရိတ် တရားတော်များနာယူကြပြီး သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က သံဃာတော်များထံ သာသနာရေး ဆိုင်ရာများလျှောက်ထားပြီး မဟာဘိသေကပညာရှင်တစ်ဦးက မင်္ဂလာဩဘာစာတမ်း ဖတ်ကြားသည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြ သူများက မြတ်မော်တင်ကျောင်းတိုက်၏ ပဓာနနာယက ဆရာတော် မဟာသဒ္ဓမ္မဇော တိကဓဇ ဘဒ္ဒန္တသုဇာတထံမှ အနုမောဒနာတရားနာယူကြပြီး မြတ်မော်တင်စေတီတော် ရင်ပြင်တော်တိုးချဲ့ပြုပြင်ရန် အလှူငွေများနှင့် ဘုန်းတော်ကြီးကျောင်းများအား ဆန်၊ ဆီများ ဆက်ကပ်လှူဒါန်း၍ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက တောင်ကလေးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲသို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ၊ စာရေးကိရိယာ များနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။