တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ပို့ဆောင်
နေပြည်တော် မတ် ၁၀
ကိုဗစ်-၁၉ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများအား တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေး ဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက် အကူဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို သတ်မှတ် အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးသို့ တပ်မတော်(လေ)မှ လေယာဉ်များ၊ Cold Chain Delivery Logistics မော်တော် ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန၊ ဗဟိုကာကွယ်ဆေးသိုလှောင်ခန်း၌ ထားရှိသော အိန္ဒိယနိုင်ငံထုတ် ဆေးတစ်လုံးလျှင် လူ ၁၀ ဦးထိုးနှံနိုင်သည့် Covaxin နှင့် ဆေးတစ်လုံးလျှင် လူ ၁၁ ဦး ထိုးနှံနိုင်သည့် Covishield အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး များကို ယနေ့တွင် ပို့ဆောင်ပေးရာ မုံရွာမြို့သို့ Covaxin ၂၀၅၇၆ လုံး၊ Covishield ၄၆၂ လုံးနှင့် ဆေးထိုးအပ် ၁၄၀၄၀၀ ချောင်း၊ မန္တလေးမြို့သို့ Covaxin ၆၆၄၉ လုံး၊ Covishield ၅၉၆၅၈ လုံးနှင့် ဆေးထိုးအပ် ၅၇၆၀၀၀ ချောင်းတို့ကို မြေပြင် အအေးမပြတ်လမ်းကြောင်း Cold Chain Delivery Logistics မော်တော်ယာဉ် ကြီးများဖြင့် ဆက်လက်ပို့ဆောင် ဖြန့်ဖြူးပေးခဲ့ကြောင်း သတင်းရရှိသည်။