ကိုကိုးကျွန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ သွားရောက်ကြည့်ရှု၊ မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများအား တွေ့ဆုံ

ကိုကိုးကျွန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ သွားရောက်ကြည့်ရှု၊ မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများအား တွေ့ဆုံ

နေပြည်တော်၊ မတ် - ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ် ကိုကိုးကျွန်းမြို့နယ်ပြည်သူ့ဆေးရုံ သို့ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ နှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် သွားရောက်၍ ဆေးရုံအတွင်းလှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူ များနှင့် တွေ့ဆုံကာ လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ကိုကိုးကျွန်းမြို့နယ်အခြေခံပညာ အထက်တန်းကျောင်းရှိ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံ၍ လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးသည်။ ၎င်းနောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် မြို့နယ်အဆင့်ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးခန်းမ၌ တွေ့ဆုံအမှာ စကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။