စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းကျေးရွာနှင့် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ရွှေဘုံသာကျေးရွာတို့ရှိ အပြစ်မဲ့ပြည်သူများ၏ နေအိမ်များအား PDF အမည်ခံအကြမ်းဖက်သမားများက ဝင်ရောက်မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းကျေးရွာနှင့် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ရွှေဘုံသာကျေးရွာတို့ရှိ အပြစ်မဲ့ပြည်သူများ၏ နေအိမ်များအား PDF အမည်ခံအကြမ်းဖက်သမားများက ဝင်ရောက်မီးရှို့ဖျက်ဆီး

နေပြည်တော်၊ မတ် ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းကျေးရွာနှင့် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ရွှေဘုံသာကျေးရွာတို့ရှိ အပြစ်မဲ့ပြည်သူများ၏ နေအိမ်များအား PDF အမည်ခံ အကြမ်းဖက်သမားများက ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မတ်လ ၉ ရက် နံနက်  ၁ နာရီ ၁၅  မိနစ်တွင် ကံကြီးကုန်းကျေးရွာအား PDF အမည်ခံအကြမ်းဖက်သမားများက ဝိုင်းရံပိတ်ဆို့ဝင်ရောက်၍ ကျေးရွာအတွင်းရှိ အပြစ်မဲ့ပြည်သူများ ၏ နေအိမ်များအား လက်နက်ငယ်၊ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီး သဖြင့် ကျေးရွာရှိပြည်သူ့စစ်အဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ရာ ထိတွေ့မှုဖြစ်ပွားလျက်ရှိ ကြောင်းသိရသည်။ အဆိုပါ သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ပူးပေါင်းခဲ့ရာ နံနက် ၆ နာရီတွင် အကြမ်းဖက်သမားများမှာ ကံကြီးကုန်းကျေးရွာ၏အနောက်ဘက် ရွှေလှေကျေးရွာဘက် သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းတို့ဆုတ်ခွာရာလမ်းကြောင်းအား အသေးစိတ်လိုက်လံရှင်း လင်းရာ အကြမ်းဖက်သမားများအသုံးပြုသည့် လက်လုပ်စိန်ပြောင်း ၂ လက်၊ လက်လုပ်သေနတ် ၁ လက်၊ ၅.၅၆ ကျည် ၅၁ တောင့်၊ ၇.၆၂ ကျည် ၂၁ တောင့်၊ လက်လုပ်ကျည် ၈ တောင့်၊ ၁၂ ဗို့ ပြောင်းချော ကျည် ၂ တောင့်နှင့် လက်လုပ်မိုင်းပြုလုပ်ရာတွင် အသုံးပြုသည့် ကားပင်စတင် ၇ လုံး တို့ကို သိမ်းဆည်းရရှိခဲ့သည်။ အကြမ်းဖက်သမားများ၏ ကျေးရွာအတွင်း လက်နက်များဖြင့် ပစ်ခတ် ကာ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ကျေးရွာနေ အမျိုးသား ၂ ဦးထိခိုက်ဒဏ်ရာအချို့ရရှိခဲ့ပြီး နေအိမ် ၇၅ လုံးနှင့် ပြည်သူများပိုင်ဆိုင်သည့် နွား ၁၇၅ ကောင်ခန့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရာ မီးဘေးသင့် အိမ်ထောင်စု ၇၅ စုမှ အမျိုးသား ၁၀၁ ဦးနှင့် အမျိုးသမီး ၁၁၇ ဦးတို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ကံကြီးကုန်းကျေးရွာ “နန္ဒာရာမ”ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ ယာယီနေရာချထား၍ ၎င်းတို့ အတွက် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အလားတူ မတ်လ ၉ ရက်နေ့ ညနေ ၅ နာရီ ၅၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့ နယ်၊ ရွှေဘုံသာကျေးရွာအတွင်းသို့  PDF အမည်ခံအကြမ်းဖက်သမား ၇၀ ဦးခန့်က သေနတ်များ ပစ်ဖောက်ကာ အော်ဟစ်ဆဲဆို၍ ဝင်ရောက်လာသဖြင့် ကျေးရွာနေပြည်သူများက ၎င်းတို့အား အကြမ်းဖက်ရန်ပြုမည့်အန္တရာယ်မှ လွတ်မြောက်နိုင်ရေး ကျေးရွာအတွင်းမှ ထွက်ပြေး တိမ်းရှောင်ရာ အကြမ်းဖက်သမားများက ကျေးရွာအတွင်းရှိနေအိမ်များအား မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း သတင်း အရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ အကြမ်းဖက်သမား များမှာ ရွှေဘုံသာကျေးရွာ၏ အရှေ့မြောက်ဘက်ရှိ ချောင်းဇောက်ကျေးရွာဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကျေးရွာနေပြည်သူများက မီးလောင် ကျွမ်းလျက်ရှိသော နေအိမ်များအား ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ ည ၇ နာရီ ၄၅ မိနစ်တွင် မီးငြိမ်း သွားခဲ့ပြီး မီးလောင်မှုကြောင့် ကျေးရွာရှိ နေအိမ် ၂၅ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်များမှ ကျေးရွာနေ အပြစ်မဲ့ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးမှု ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိရေးနှင့် ကျေးရွာနေ ပြည်သူများ အေးချမ်းစွာနေထိုင်နိုင်ရေးတို့အတွက် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရရှိသည်။