ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ တိုင်းရင်းသားကလေးငယ်များအတွက် ကွန်ပျူတာများ လှူဒါန်း၊ ကွန်ပျူတာအခြေခံပညာသင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ တိုင်းရင်းသားကလေးငယ်များအတွက် ကွန်ပျူတာများ လှူဒါန်း၊ ကွန်ပျူတာအခြေခံပညာသင်တန်းဖွင့်လှစ်

နေပြည်တော်၊ မတ် - ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ တိုင်းရင်းသားကလေးငယ်များအတွက် ကွန်ပျူတာ များလှူဒါန်းခြင်းနှင့် ကွန်ပျူတာအခြေခံပညာသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံမြို့ရှိ အမေ့ရင်ခွင်ကျောင်း၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျိုင်းတုံတက္ကသိုလ်ပါမောက္ခ ချုပ်၊ အမေ့ရင်ခွင်ကျောင်းနာယကနှင့် ကွန်ပျူတာအခြေခံပညာသင်တန်းတက်ရောက် မည့် ဒေသခံတိုင်းရင်းသား သင်တန်းသားများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားပြီး ကျိုင်းတုံတက္ကသိုလ်ပါမောက္ခ ချုပ်နှင့် တာဝန်ရှိသူများက ပညာရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ကွန်ပျူတာ ၁၁ စုံ၊ ဆန် ၁၀ အိတ်နှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်ကြပြီး ဒေသခံတိုင်းရင်းသားလူငယ် လူရွယ်များ၏ ကွန်ပျူတာအခြေခံသင်တန်းသင်ယူနေမှုများကို လိုက်လံကြည့်ရှုကြ သည်။

အဆိုပါသင်တန်းကို ဒေသခံတိုင်းရင်းသား ၃၅ ဦးဖြင့် ဧပြီ ၈ ရက် အထိ ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။