မွေးမြူရေး အစာကုန်ကြမ်းများ အရောင်းအဝယ် အေးနေသော်လည်း မွေးမြူရေး အစာတောင့် Complete Feed များ ပုံမှန်အရောင်းအဝယ်ရှိ

COVID-19 ရောဂါကြောင့် အသွားအလာ ကန့်သတ်ထားသည့်အတွက် မွေးမြူရေး အစာကုန်ကြမ်းများ အရောင်းအဝယ် အေးပြီး ဈေးနှုန်းတည်ငြိမ်နေသော်လည်း မွေးမြူရေးအစာတောင့် COVID-19 များ ပုံမှန်အရောင်းအဝယ်ရှိကြောင်း မြန်မာနိုင်ငံ ငါး၊ ပုစွန်အစာထုတ်လုပ်ရောင်းချသူများ အသင်းဥက္ကဋ္ဌ ဒေါက်တာသက်မှူး၏ပြောပြချက်အရ သိရသည်။

လက်ရှိတွင်    အစာစပ်စက်ရုံများမှ အစာတောင့်များကို    ထုတ်လုပ်မှုစရိတ်ထက် အနည်းငယ်သာအမြတ်တင် ရောင်းချလျက်ရှိရာ မွေးမြူရေးအစာမှာ ပရိုတင်းပါရှိမှုနှင့်   အရွယ်အစားပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှုရှိကြောင်း၊    ဥပမာ-ကြက်၊ ဝက်၊ ငါးသားပေါက်များအတွက် ထုတ်လုပ်ထားသော အစာများတွင် ပရိုတင်းရာခိုင်နှုန်းမြင့်မားစွာပါဝင်ပြီး အစာတောင့်   အရွယ်အစားသေးအောင် ထုတ်လုပ်ရသည့်အတွက်   ပုံမှန်ထက်ဈေးပိုကြီးကြောင်း သိရသည်။

“အရင်တုန်းက သိုလှောင်ထားပြီး ဈေးတက်မှရောင်းတာမျိုး ဒီလိုကာလမှာလုပ်လို့ မရဘူး။ အဓိကကတော့ ရန်ကုန်ကထုတ်တဲ့ အစာတောင့်တွေပါပဲ။ မွေးမြူရေးအစာတောင့်ထုတ်တဲ့  စက်ရုံတွေက ထောက်ခံချက်နဲ့ လုပ်ရတာပါ”ဟု  ဒေါက်တာသက်မှူးက ပြောသည်။

လက်ရှိတွင် ရန်ကုန်မြို့ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်အတွင်း   ကားအဝင်အထွက် ရပ်နားထားသည့်အတွက်  တိရစ္ဆာန်အစာကုန်ကြမ်းများ      အရောင်းအဝယ်မရှိသလောက်ဖြစ်နေပြီး  Complete Feed အစာတောင့်များကိုသာ ထောက်ခံချက်ဖြင့်  အမှာစာရှိသည့်ဒေသများသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။

မွေးမြူရေးအစာထုတ်လုပ်ရေးလုပ်ငန်း ၏ မူလသဘာဝအရ တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သည့်   ကူးစက်ရောဂါများ ထိန်းချုပ်ရန်  ဇီဝလုံခြုံရေးအစီအမံများကို  တင်းကျပ်စွာချမှတ်ဆောင်ရွက်ရပြီး ယခု COVID-19 ရောဂါ ကူးစက်ပျံ့နှံ့ လျက်ရှိခြင်းကြောင့် မွေးမြူရေးအစာစက်ရုံဝန်ထမ်းများ   ရောဂါကူးစက်မှုမရှိစေရေး စက်ရုံများ၌ ယခင်ထက် ဇီဝလုံခြုံရေး စနစ်မြှင့်တင်ကာ   ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။                       

ဆုလာဘ်