ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း၌ တစ်ရက်လျှင် ရထားစီးခရီးသည် ၄၀၀၀ ခန့်သာစီးနင်း

COVID-19     ရောဂါအခြေအနေကြောင့်   ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း    တစ်ရက်လျှင်  ရထားစီးခရီးသည်  ၄၀၀၀  ခန့်သာ  စီးနင်းလိုက်ပါကြောင်း  မြန်မာ့မီးရထားတိုင်းအမှတ် () အထွေထွေ မန်နေဂျာ ဦးဇော်လွင်၏ပြောဆိုချက်အရ သိရသည်။

စက်တင်ဘာ ၂၁ ရက်ကစပြီး ရုံးချိန် တွေမှာပဲ  ပြေးဆွဲပေးတယ်။  တစ်ရက်ကို ခရီးသည်  ၄၀၀၀  လောက်ပဲစီးတယ်။ အရင်က တစ်ရက်ကို  စီးနင်းသူ ၁၈၀၀၀  လောက်ရှိတော့  အရင်ကထက်နည်းသွား တယ်။ အခု COVID-19     ရောဂါကူးစက် မှုနှုန်းကလည်းမြင့်နေတော့ အပြင်မထွက် ရဲကြတာလည်းပါတယ်ဟု  ဦးဇော်လွင်က ပြောသည်။

လက်ရှိတွင် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း၌ မြို့ပတ်ရထားများကို ရန်ကုန်လှော် ကားလမ်းပိုင်း၊ ရန်ကုန်မင်္ဂလာဒုံလမ်းပိုင်း နှင့်  ရန်ကုန်ရွာသာကြီးလမ်းပိုင်းတို့တွင် နံနက်ပိုင်းရုံးချိန်ရထားနှစ်စင်းစီ၊ ညနေရုံး ဆင်းချိန်ရထားနှစ်စင်းစီ စုစုပေါင်းအခေါက် ရေ ၂၆ ခေါက်ကို ပြေးဆွဲပေးလျက်ရှိသည်။

COVID-19     ရောဂါကူးစက်သူ များပြား လာသည့်အတွက်   ရန်ကုန်ဘူတာကြီးမှ ထွက်သည့်   ခရီးဝေးရထားအားလုံးကို ယာယီရပ်နားထားပြီး ရန်ကုန်မြို့ပတ်ရထား လမ်းပိုင်း၌လည်း ရထားအခေါက်ရေ ၃၀ သာ ပြေးဆွဲပေးရာမှ စက်တင်ဘာ ၂၁ ရက်မှစ၍ ရုံးချိန်ရထားအခေါက်ရေ ၂၆ ခေါက်ကိုသာ   ပြေးဆွဲပေးကြောင်းနှင့် လက်ရှိတွင် တစ်ရက်လျှင် ရန်ကုန်မြို့ပတ် ရထားစီးခရီးသည် ၄၀၀၀ ခန့်သာ စီးနင်း လိုက်ပါကြောင်း သိရသည်။   

ဆုလာဘ်