စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်အတွင်းရှိ Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း ရွှေဘိုမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ Cash For Work စီမံကိန်းကို ရွှေဘိုမြို့ နယ်အတွင်းရှိ သာယာအေး၊ ရွာသစ်ကုန်း၊ သစ်ကြီးတော၊ ကုန်းကြီး၊ ထနောင်းဝန်းနှင့် နွားကုတ်ကျေးရွာတို့တွင် ကျေးရွာတွင်းလမ်းခင်းခြင်း၊ မြေသားရေကန်တူးဖော်ခြင်း၊ လမ်းဘေးဝဲ^ယာ ရေမြောင်းတူးဖော်ခြင်းနှင့် အခြေခံအဆောက်အဦများဆောင်ရွက်ခြင်း စသည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဇူလိုင်လ ဒုတိယပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် လုပ်ငန်း များအားလုံး ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်သည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ကျေးရွာတစ်ရွာကို ခွင့်ပြုငွေကျပ်သိန်း ၁၀၀ ချထားပေးပြီး မိမိတို့ကျေးရွာ ၏ လိုအပ်သောလမ်းခင်းခြင်း၊ ရေနုတ်မြောင်းတူးဖော်ခြင်း၊ သောက်ရေကန်များတူးဖော်ခြင်းနှင့် အခြေခံ အဆောက်အဦများ ဆောင်ရွက်ခြင်းကို ယခုဘဏ္ဍာရေးနှစ်အတွင်း အပြီးဆောင်ရွက်ရကြောင်း သိရသည်။
ထွန်းမြင့်အောင်(ရွှေဘို)