မင်းဘူးမြို့နယ်၊ ကိုင်းမကျီးကျေးရွာရှိ မီးဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ပေးခြင်းနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

မင်းဘူးမြို့နယ်၊ ကိုင်းမကျီးကျေးရွာရှိ မီးဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ပေးခြင်းနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

နေပြည်တော်၊ မတ်- ၁၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ကိုင်းမကျီးကျေးရွာရှိ ဒေါ်မြင့်မြင့်သန်း နေအိမ်၌ မတ် ၁၁ ရက် ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် နေအိမ်နွားတင်းကုတ်မှ မီးစတင် လောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့ရာ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက စုပေါင်းမီးငြှိမ်းသတ်ခဲ့ရာ ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် မီးငြိမ်း သွားခဲ့ပြီး မီးလောင်မှုကြောင့် နေအိမ် ၇၂ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်။

အဆိုပါမီးလောင်မှုဖြစ်ပေါ်ခဲ့သည့်နေရာသို့ ယနေ့နေ့လယ်ပိုင်းတွင် အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက သွားရောက်၍ အပျက်အစီးများ ဖယ်ရှားရှင်းလင်းခြင်းနှင့် လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေး ပြီး မီးဘေးသင့်ပြည်သူ အိမ်ထောင်စု ၇၂ စုတို့ကို ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။