မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်ရှိ အနာဂတ်လူငယ်၊ လူရွယ်များ ပညာသင်ကြားမှု အခွင့်အလမ်းဆုံးရှုံးသွားစေရန်ရည်ရွယ်ချက်ဖြင့် အကြမ်းဖက်သမားများက လက်ပန်ဇင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းအား မီးရှို့ဖျက်ဆီး

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်ရှိ အနာဂတ်လူငယ်၊ လူရွယ်များ ပညာသင်ကြားမှု အခွင့်အလမ်းဆုံးရှုံးသွားစေရန်ရည်ရွယ်ချက်ဖြင့် အကြမ်းဖက်သမားများက လက်ပန်ဇင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းအား မီးရှို့ဖျက်ဆီး

နေပြည်တော်၊ မတ် ၁၂
    
အနာဂတ်လူငယ်၊ လူရွယ်များ ပညာရည်မြင့်မားရေးအတွက် စာသင်ကျောင်းများဖွင့်လှစ်၍ စာပေသင်ကြားပေးလျက်ရှိသည်ကို လိုလားမှုမရှိသည့် နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမား များက ပညာရေးဆိုင်ရာရုံးဌာနများနှင့် စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံး၊ လက်လုပ်မိုင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဖောက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိသည်။    
    
ထိုသို့ ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိရာ မတ်လ ၁၁ ရက်နေ့ နံနက် ၁ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ လက်ပန်ဇင်ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း အား PDF အမည်ခံအကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့သဖြင့် အဆိုပါကျောင်းဝင်းအတွင်း တည် ဆောက်ထားသည့် အလျား ၉၀ ပေ၊ အနံ ၃၀ ပေ သွပ်မိုး၊ အုတ်နံကပ် စာသင် ကျောင်းဆောင်တစ်ဆောင်နှင့် ကျောင်းဆောင်အတွင်းရှိ သင်ထောက်ကူပစ္စည်းများ မီးလောင် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
    
ထိုကဲ့သို့ အနာဂတ်လူငယ်၊ လူရွယ်များ ပညာသင်ကြားမှု အခွင့်အလမ်းဆုံးရှုံးသွားစေရန် စာသင်ကျောင်းဆောင်အား မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိ နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။